ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာကြောင့် အခြေအနေ မကောင်းတော့ ဘူးဆိုတာ သိလာတာတဲ့အတွက် ဘုရားသုံးဆူကို ကြိုတင်ဂွင်ပြောင်းခဲ့တာကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကစပြီး တစနဲ့တစ အတွင်းလမ်းကနေ ဘုရားသုံးဆူကို ရွှေ့လာပြီး ဘုရားသုံးဆူမြို့ထဲမှာ တရုတ်နိုက်ကလပ်တွေ စားသောက် ဆိုင်တွေ အလှပြင်ဆိုင်တွေနဲ့ လူထောင်နဲ့ချီပြီး စည်ကားလာခဲ့ပါတယ်။ တရုတ်တွေ ဘုရားသုံးဆူမြို့မှာ ပေါ်ပေါ်ထင်ထင် သွားလာနေတာကို DKBA ရဲဘော်တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။ ဘုရားသုံးဆူ မြို့သူမြို့သားတွေ ပထမဆုံး ခံစားရတာကတော့ ကုန်ဈေးနှုန်းတွေတက်လာတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။  အဲဒီနောက် မြဝတီမှာ တရုတ်သရုပ်ဆောင်ကို လိမ်ခေါ်သွားတဲ့ ကိစ္စဖြစ်လာပြီး ဖိအားတွေ အရေးယူမှုတွေ ထိုင်းနဲ့တရုတ်ဖက်က လုပ်တာတဲ့အခါ … Continue reading ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?