နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် ထွက်ပြေးနေရ

ဇွန်လ (၁၂)ရက်။

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာတာတွေကြောင့် ပြည်သူ (၁၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် နောင်ချိုမြို့ထဲ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧပြီလ (၂၉)ရက်နေ့ကနေ ဇွန်လ (၈)ရက်အထိ ပြည်သူ (၁၀၀၀)ကျော်ဟာ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေဟာ ကျောက်မဲမြို့ပေါ်ရှိ တိလင်ပရိယတ္တိစာသင်တိုက်က (၄၆)ဦး၊ အဝေရာပါသကျောင်းက (၃၀)ဦး၊ နောင်ပိန်(အ.ထ.က)ကျောင်းက (၆၂၅)ဦး၊ ထန်းတပင်ကျေးရွာက (၁၅၀)ဦးနဲ့ လုပ်ပါဟကျေးရွာက (၁၆၃)ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ဟာ နောင်ချိုမြို့နယ်ထဲရှိ တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊  ‌စျေးရပ်ကွက်၊စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ ‌တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိုး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနဲ့ ပါဟတ်ရွာတို့ကနေ စစ်ဘေးရှောင်လာကြသူတွေလို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ တဖက်သတ် အပစ်ရပ်ကာလကို အခွင့်ကောင်းယူပြီး စစ်အင်အားတိုးချဲလာတာ၊ ထိုးစစ်ဆင်လာတာ၊ တိုက်ပွဲတွေ ဖော်ဆောင်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲချတာ၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတာနဲ့ လေကြောင်းဗုံးကြဲတာ စတဲ့လုပ်ရပ်တွေကို ပြုလုပ်နေတယ်လို့ TNLA က ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လူမဆန်စွာရက်စက်တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာ အများအပြားရှိခဲ့သလို နေအိမ်တွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ အများအပြား ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့