နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ ပြဋ္ဌာန်း

ဇွန်လ (၁၄)ရက်။

NUG ရဲ့ CDM အောင်မြင်ရေးကော်မတီက ပေးပို့လာတဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလိုပြဋ္ဌာန်းလိုက်တဲ့ “ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ” မှာ အခန်းစုစုပေါင်း (၇)ခန်းပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဥပဒေဟာ CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့၊ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ဖို့၊ အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ နစ်နာမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို ရှာဖွေဖော်ထုတ်ပြီး ပြန်လည်ကုစားပေးတာနဲ့ အမှန်တရားနဲ့ တရားမျှတမှု ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ နိုင်ငံ့ဝန်ထမ်းယန္တရားကို ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်ဖို့၊ CDM ဝန်ထမ်းတွေရဲ့ မြင့်မြတ်တဲ့ ခံယူချက်နဲ့ စိတ်ဓါတ်တွေ ရေရှည်တည်တံ့စေဖို့နဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူဖို့ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဥပဒေပါပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကော်မရှင်ကို “ မ” ဂဏန်းဦးရေနဲ့ သတ်မှတ်ဖွဲ့စည်းရမှာဖြစ်သလို ကော်မရှင်အနေနဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေက CDM ဝန်ထမ်းတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို မှတ်တမ်းတင်တာ၊ ထိန်းသိမ်းတာနဲ့ အစိုးရထံ အစီရင်ခံတင်ပြရမယ်လို့ ပါရှိပါတယ်။

ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေစာရင်း ပြုစုတင်ပြတာ၊ လိုအပ်တဲ့ ကော်မတီနဲ့ လုပ်ငန်းအဖွဲ့ဖွဲ့တာနဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအပေါ် တိုင်ကြားတဲ့ တိုင်ကြားစာတွေ လက်ခံတာတွေ ပါဝင်တယ်လို့လဲ ဖော်ပြထားပါတယ်။

ဥပ‌ဒေထဲ အရေးယူတာမခံရတဲ့ CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေဟာ ပြည်သူ့ဘက်မရပ်ဘဲ စစ်အုပ်စုရဲ့ အာဏာသိမ်းကာလထဲ ရပ်တည်ခဲ့တာအပေါ် အများပြည်သူကို ဝန်ချတောင်းပန်တာကို အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ဖို့ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 39 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 28 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 31 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ