ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောင်ဇေယျစစ်ကြောင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်မ(၄၄)နဲ့ (၅၅)တို့ဖြစ်ပြီး KNLA ဦးဆောင်ကာ မွန်-ကရင်စစ်ဆင်ရေးအနေနဲ့ ရာမညမွန်တပ်တော်နဲ့ ပူးပေါင်းတပ်တွေက