နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ထောင်ဒဏ် (၇) နှစ်စီ ထပ်မံချမှတ်

ရဟတ်ယာဥ်ဝယ်ယူ၊ ငှားရမ်း၊ ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် တို့ကို စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုသည့် အဂတိမှု ၅ မှုဖြင့် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ထောင် ၇ နှစ်စီ ယနေ့ ထပ်မံ ချမှတ်လိုက်သည်။

အဆိုပါ အမှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ် ဆယ်ရေး ရဟတ်ယာဉ် ၁ စီး ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ကို စွပ်စွဲခဲ့သည့် အမှုလည်းဖြစ်သည်။

ဘဏ္ဍာရေးစည်းမျဉ်းများ လိုက်နာမှု မရှိဘဲ ဆောင်ရွက်မှုကြောင့် နိုင်ငံတော်ငွေကြေး နစ်နာ ဆုံးရှုံးမှုများ ရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုသည့် အမှုများ ဖြစ်သည်။

နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးတွင် မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်းက ယနေ့ ဒီဇင်ဘာ (၃၀) ရက် မှာ အခုလို ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေ နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် NLD အစိုးရလက်ထက်က ရဟတ်ယာဉ် ငှားရမ်းသည့်အမှု (၃) မှု နှင့် ပြုပြင်ထိန်းသိမ်းမှု (၁) မှု စုစုပေါင်းလေးမှုတို့ အတွက်တပေါင်းတည်း (၃) နှစ် ၊ ရဟတ်ယာဉ် အသစ်တစ်စီး ဝယ်ယူသည့် အမှု (၁) ခုအတွက် (၄) နှစ် စုစုပေါင်း (၇) နှစ်တိတိကို ပြစ်ဒဏ် ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ် ထပ်မံ ချမှတ်လိုက်သည့်အတွက် စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁၉ မှုအတွက် ချမှတ်ခဲ့သည့် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ထိ ရှိခဲ့ပြီဖြစ်ကာ ဦးဝင်းမြင့် အနေဖြင့်လည်း ချမှတ်ခံရ သည့် ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ထိရှိလာပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းမြို့အနီးရှိ ကံတလူတိုးဂိတ် ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်က စစ်ကိုင်းမြို့အနီး စစ်တပ်က လုံခြုံရေးယူပေးနေတဲ့ ကံတလူးတိုးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက
မြန်မာသတင်း

NUG ရဲ့ ယင်းမာပင်ခရိုင်တပ်စခန်းတခုကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ NUG ရဲ့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းတိုင်းစစ်ဌာနရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတခုကို စစ်တပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဖောင်းပြင်မြို့ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းနဲ့ အကြိမ်(၅၀)ထက်မနည်း တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 25 Views
ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးတာနဲ့ အရပ်သား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန်ကစပြီး ည (၁၀)နာရီကျော်အချိန်အထိ ဖောင်းပြင်မြို့ရှိ ဟော်ဇောင်းရွာဈေးတန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ PDC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရွာငံတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်(၁)ဦးအပါအဝင် (၁၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
တိုက်ပွဲထဲ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့် စစ်ရေးရည်မှန်းချက်တွေ မလုပ်ဆောင်နိုင်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ရွာငံမြို့ ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ Danu PDF(၁၀၀၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်ဆိုပြီး စစ်ကော်မရှင်ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ အသက်မပြည့်သူတွေနဲ့ အသက်ကျော်လွန်သူတွေပါတယ်လို့ မနေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းအဝေးမှာ စစ်ကော်မရှင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လေ့ကျင့်ရေးသင်တန်းကျောင်းတွေကို မပို့ခင် စုရပ်တွေမှာ စိစစ်တဲ့အခါ အသက်မပြည့်သေးသူတွေနဲ့ အသက်ကျော်လွန်သူတွေကို တွေ့ရတာကြောင့်
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာနဲ့ ပြည်သူတွေအနေနဲ့
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7