ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာလက်ရှိရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
မစ္စနိုင်လင်းဟေဇာဟာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးတဲ့ ဇွန်လ ၁၂ ရက်နေ့မှာ နုတ်ထွက်မှာဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာလကစလို့ မစ္စနိုလင်းဟေဇာက စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်မှာ နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ မြန်မာပြည်တွင်းအကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး နိုင်ငံရေးလမ်းကြောင်းတစ်ခုကို ထောက်ပံ့ဖို့၊ အကျဥ်းထောင်ထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကိုပြန်ပို့ဖို့နဲ့ သူနဲ့တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့်စစ်ကောင်စီဘက်ကတော့ တစ်ခုမှ
မလိုက်လျောခဲ့ပါဘူး။
ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုလင်းဟေဇာရဲ့ မြန်မာပြည်သူ လူထုတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်ကြောင်းနဲ့ လစ်လပ်သွားတဲ့ အထူးကိုယ်စားလှယ်နေရာမှာ အထူးကိုယ်စားလှယ်သစ်တစ်ဦး ခန့်အပ်သွားမယ်လို့ ပြောကြားပါတယ်။
Era’sEye/Photo/CRD