နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း

မြန်မာ့ထီးနန်းဆက်ခံရန် သံလက်သီးဖြင့် အုပ်ချုပ်သော မင်းအောင်လှိုင်သည် ပလ္လင်ပေါ်တွင် ဆက်ထိုင်နိုင်ရန် တိုက်ပွဲဝင်နေသည်။ အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် ဗိုလ်ချုပ်ကြီးသည် အရပ်သား အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည့် တိုးတက်မှုမှန်သမျှကို ရုပ်သိမ်းခဲ့သည်။

ဒုတိယပိုင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် ကျောင်းအုပ်ဖြစ်လာပြီး နောက်ပိုင်းတွင် စာအုပ်ကြီးအတိုင်း ဗိုလ် လောင်းများကို ကြည့်၍ အရေးယူသည်။ စံနှုန်းမပြည့်မီသော အရာရှိများအား အနီရောင်မှတ်တမ်းများ ရေးသားခြင်း၊ စည်းကမ်းဖောက်ဖျက်မှု ကျူးလွန်သူများ၊ အလေးပြုရန် ပျက်ကွက်မှု ကျူးလွန်သူများကို အဝါရောင်မှတ်တမ်းများ ထုတ်ပေးခြင်းကြောင့် နာမည်ဆိုးထွက်ခဲ့သည်။

ဝန်ဆောင်မှုမှတ်တမ်းတစ်ခုရှိ လုံလောက်သော အနီရောင်ချိုးဖောက်မှုများ ရှိသူသည် ဗိုလ်သင်တန်းကျောင်းမှ ထုတ်ပယ်ခံရနိုင်သည်။ စစ်သူကြီးတို့ဇနီးမောင်နှံသည် ကံကြမ္မာကို ညှိရန် ယတြာဟု ခေါ်သော ဒေသန္တရ စုန်းအတတ်ပုံစံကို စိတ်ဝင် စားမှု ရှိကြခြင်းသည် အထူးအဆန်း မဟုတ်ပေ။ ဆရာတော်များနှင့် နတ်ဆရာများကို တိုင်ပင်ရန် သူတို့သည် မကြာခဏ သွားရောက်ကြသည်။

ဤယတြာ အလေ့အကျင့်များသည် ယခင်စစ်အာဏာရှင်များလည်း လုပ်ဆောင်ခဲ့ကြပြီး စစ်ခေါင်းဆောင်များသည် ယတြာများနှင့် အတော်လေး ယဉ်ပါးသည်။ ၁၉၆၂ ခုနှစ်တွင် တပ်မတော်ကို တည်ဆောက်ပြီး အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီး နေဝင်းသည် ကြည့်မှန်များကို ရိုက်ခွဲခြင်းနှင့် ကာမဂုဏ်ကို မြှင့်တင်ရန် နံနက်တိုင်း စာကလေးငှက် (၂၂) ကောင်၏ သွေးကို သောက်သုံးခဲ့ကြောင်း ကျော်ကြားခဲ့သည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် အမျိုးသမီးတစ်ဦးအဖြစ် ဝတ်ဆင်ကာ ဘုရားပုထိုးများကို နောက်ပြန် လျှောက်ပြီး တပတ် ပတ်သည်။

မြန်မာစစ်တပ်သည် အယူသီးမှုများဖြင့် ပြန့်နှံ့နေသည်။ စစ်သားများသည် အမျိုးသမီးအတွင်းခံများ ထမိန်များ အောက်သို့ ဝင်ပါက သူတို့၏ စိတ်စွမ်းအားများကို ယုတ်လျော့ကျဆင်းစေသည်ဟု အယူသီးကြသည်။ ၂၀၂၁ ခုနှစ် အာဏာ သိမ်းပြီးနောက် စစ်သည်များအား အာဏာဖီဆန်မှုနည်းနာအဖြစ် အမျိုးသမီးများ၏ အတွင်းခံများ၊ လုံခြည်များကို လမ်းမများတွင် ကြိုးတန်းများဖြင့် အပေါ်မှ သွယ်တန်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခြောက်လှန့်ရန်အတွက် လမ်းများတစ်လျှောက်တွင် အမျိုးသမီးအဝတ်အစားတန်းများဖြင့် စည်းကားခဲ့သည်။

မကြာသေးမီက ဗိုလ်ချုပ်ကို “ကြောင်ချီး” ထက် ပိုချော့မော့သော “သိန်းအေး” ဟူသော အမည်ပြောင်အသစ်ဖြင့် မကြာ ခဏ ရည်ညွှန်းလေ့ရှိသည်။ ငြိမ်းချမ်းစွာ အာဏာကိုဆုတ်ကိုင်မှုဟု အတိအကျ ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်၊ အထူး သဖြင့် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်လာသော ပြည်သူများ၏ ကာကွယ်ရေး အင်အားစုများကို လုံ လောက် ပြတ်သားသော ရက်စက်ကြမ်းကြုတ်မှုဖြင့် မလုပ်ဆောင်နိုင်ဟု တပ်မတော်မှ သဘောထားတင်းမာသူများက အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့သော် ရွေးကောက်ခံ အစိုးရသစ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းသည့်အတွက် တပ်မ တော် ထိပ်ပိုင်း၌ အပြည့်အဝ ထောက်ခံမှု ရှိသည်ကို သံသယ အနည်းငယ် ရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
သူ၏ဝင်္ကပါထဲတွင် ရှိနေသည့် ဗိုလ်ချုပ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် အပြင်ဘက်သို့ ခရီးထွက်လေ့ရှိပြီး အိမ်တွင် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဝန်ကြီးချုပ်၏ ရုံးခန်းများကြားတွင် လှည့်ပတ်သွားလာနေပါသည်။ အချို့သော မိန့်ခွန်းများသည် လျှို့ဝှက်နေရာရှိ ဘန်ကာ တစ်ခုမှ ပေးသည်ဟု ထင်ရသည်။ ဗိုလ်ချုပ်မှူးကြီးအနားတွင် ပတ်ပတ်လည် ကာရံထားမှုများကို ထိုးဖောက်ဝင်ရောက်ရန်မှာ ခက်ခဲသည်။ ၎င်း၏ ကွပ်ကဲမှု ကွင်းဆက်ပြင်ပရှိ မည်သူနှင့်မဆိုနှင့် တွေ့ဆုံခြင်းများသည် တရားဝင်တွေ့ဆုံမှုအဖြစ် မှတ်စုရေးသူများ၊ သူ၏အဖွဲ့ဝင်များနှင့်အတူ ထူထဲသော ရာဇပလ္လင်များကဲ့သို့ ခမ်းနားထည်ဝါသောထိုင်ခုံတွင် ထိုင်ပြီး တွေ့ဆုံခြင်း ဖြစ်သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် Nikkei မှပေးပို့သောမေးခွန်းများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည် ဖြေကြားခြင်း မရှိပေ။ ဗိုလ်ချုပ်နှင့် တွေ့ဆုံရန် လပေါင်းများစွာ စောင့်ဆိုင်းနေရသော သံတမန်များထံမှ တွေ့ဆုံနိုင်သော ပရိသတ်များ သည် ရှားပါးပြီး အကျိုးမဖြစ်ထွန်းဘဲ စိတ်ပျက်စရာကောင်းကြောင်း သိရသည်။ သူတို့အနေနှင့် သူ၏ သမိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ရေး ဟောပြောချက်တို့ကို နားထောင်ခဲ့ရသည်။ “လွန်ခဲ့သည့် နှစ်နှစ်တာကာလသည် ၎င်း၏ ခေါင်းမာမှု၊ အခြားသူများကို နားမထောင်နိုင်မှု၊ စီးပွားရေးကို စီမံခန့်ခွဲနိုင်စွမ်းမရှိမှု၊ ၎င်း၏အမှားများကို ဝန်ခံနိုင်စွမ်းမရှိမှု၊ ပြည်သူအများစု၏ ဆန္ဒအရ မဟုတ်ဘဲ သမ္မတဖြစ်ရန် ၎င်း၏ တစ်ခုတည်းသော ဆုံးဖြတ်ချက်ကို အတည်ပြုရန်သာ ဆောင်ရွက်ခဲ့သည်။ အရင်အစိုးရလက်ထက်မှာ မင်းအောင်လှိုင်နဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ဟောင်း နီကိုလပ်စ် ကော့ပယ်လ် (Nicholas Coppel) က Nikkei ကို ပြောပါတယ်။

နောက်ဆုံးခန့်အပ်ထားခံရသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် စင်္ကာပူနိုင်ငံမှ နိုလင်းဟေဇာ (Noeleen Heyzer) သည် မြန်မာနိုင်ငံသို့ ဝင်ခွင့်ရပြီး ဝင်ရောက်လာသောအခါတွင် ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း အတွက် လှောင်ပြောင်ခံခဲ့ရသည်။ အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် အကြောက်လွန်ရောဂါနှင့် ပူးပေါင်းကြံစည်မှု သီအိုရီများကို သူ၏အားကိုးရာအဖြစ် အသုံးချခဲ့သည်။ ဆိုးရွား သော ကိုဗစ်-၁၉ မူကွဲဗီဇရောဂါပိုးက ၂၀၂၁ ခုနှစ် နှစ်လယ်တွင် အိန္ဒိယနိုင်ငံမှ ရောက်ရှိလာသောအခါ၊ သူသည် မှားယွင်းသော ဇာတ်ကြောင်းကို မဝံ့မရဲ တင်ပြခဲ့သည်။

“ ဒီအချက်အလက်တွေကို သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေမှာ လွဲမှားစွာ ဖော်ပြနေတာပါ” ဟု သူကဆိုပြီး “ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံတစ်ဝှမ်းရှိ လူစုလူဝေးများသည် မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုကို ပြန့်ပွားရန် ဒီဇိုင်း ထုတ်လုပ်ဆောင် နေခြင်း ဖြစ်သည်” ဟု ဆန္ဒပြသူများကို အပြစ်ဖို့ပြောဆိုခဲ့သည်။

“ တွေ့ဆုံမှုတွေမှာ သံတမန်ရေးအရ ရန်လိုတဲ့သဘောကို ဖုံးကွယ်ထားတယ်၊ တစ်ခါတလေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောင်ပြောင်တင်းတင်း ကဲ့ရဲ့ခဲ့တယ်” ဟု အငြိမ်းစား နယ်သာလန်သံအမတ် လက်တစ်ရှာ ဗန်ဒင် အာဆမ်က (Laetitia van den Assum) က သူမ၏ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း တွေ့ဆုံမှုအဖြစ် Nikkei သို့ ပြောကြားခဲ့သည်။ သူမသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးလည်းဖြစ်သည်။

ဗိုလ်ချုပ်သည် နိုင်ငံခြားသားများ၏ အကြံဉာဏ်ပေးမှုကို ဆိုးဆိုးရွားရွား ခံယူခဲ့ပြီး လွတ်လပ်သော ကော်မရှင်၏ သဘော တရားကို ရိုးရိုးရှင်းရှင်း နားမလည်နိုင်ခဲ့ပါ။ လက်တွေ့ကျသော အကြောင်းပြချက်ဖြင့် ၎င်းတို့၏ အကြံပြုချက် များကိုသာ ပြောင်းလဲမည့် “အခန်းထဲက တင်းမာမှုဟာ ထင်ထင်ရှားရှားပါပဲ” ဟု ဗန်ဒင် အာဆမ်က ဆိုသည်။

“မင်းအောင်လှိုင်က ရှင်းရှင်းလင်းလင်း မကျေမနပ် ဖြစ်နေပေမယ့် အန်နန်ရဲ့ တည်ငြိမ်မှုနဲ့ ဖွဲ့စည်းထားတဲ့ တုံ့ပြန်မှုက အစည်းဝေးကို အဆုံးတိုင်အောင် ပို့ဆောင်ရာမှာ အထောက်အကူ ဖြစ်စေတယ်၊ အဲဒါက မင်းအောင်လှိုင်အတွက်တော့ ကျေနပ်စရာ မရှိဘူး” ဟု သူက ဆိုသည်။

“ဒါတွေလောက် ကြောက်စရာကောင်းတဲ့ ရာဇဝတ်မှုမျိုးနဲ့ တစ်ခါမှ ကျနော့်အနေနဲ့ ထိပ်တိုက် မကြုံဖူးဘူး” ဟု ကုလသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ Marzuki Darusman က ဆိုသည်။ ကော်မရှင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဆက်ဆံရေးသည် ဆိုးရွားလှသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ကော်မရှင် နောက်ဆုံး အစည်းအဝေးအပြီး နောက်တစ်နေ့တွင် တပ်မ တော်က စတင်ရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် သေဆုံးခဲ့ပြီး အမျိုးသမီးနှင့် မိန်းကလေးငယ် ၆,၀၀၀ ခန့် မုဒိမ်းကျင့်ခံခဲ့ရသည်။

ဒုက္ခသည်အဖြစ် ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမြဲတမ်း နေရပ် ရွှေ့ပြောင်း နေရတဲ့ ဒုက္ခသည်တွေ ဖြစ်သွားခဲ့ရသည်။ လပေါင်းများစွာ အစီအစဉ် ဆွဲခြင်း မရှိဘဲ ယင်းကဲ့သို့လုပ်ဆောင်နိုင်ခြင်းကို မယုံကြည်နိုင်ဟု လေ့လာသူများက ထောက်ပြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အုပ်ချုပ်မှုအောက်တွင် တပ်မတော်သည် နိုင်ငံတကာဥပဒေအရ ကြီးလေးသော ရာဇ ဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ စာမျက်နှာ ၄၄၀ ပါ အစီရင်ခံစာတွင် ၂၀၁၈ ခုနှစ်တွင် ဖော်ပြထားသည်။


မြင့်မားသောအာဏာရှိသသော မိတ်ဆွေများ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခြားအာဏာရှင်များကို ကြည်ညိုလေးစားသူဖြစ်သည်။ စက်တင်ဘာလတွင် မော်စကိုမြို့သို့ သွားရောက်လည်ပတ်စဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို “ကမ္ဘာ့တည်ငြိမ်ရေးကို အာမခံသူ” အဖြစ်နှင့် ပူတင်လက်ထက် ရုရှားနိုင်ငံသည် “ကမ္ဘာ့နံပါတ် ၁ ဖြစ်လာသည်” ဟု ပြတ်ပြတ်သားသား ချီးကျူးပြောဆိုခဲ့သည်။ တပ်မတော် အရာရှိငယ် ၆၀၀၀ ခန့်ကို ရုရှားနိုင်ငံသို့ လေ့ကျင့်ရန် စေလွှတ်ထားသည်။

၂၀၂၀ ခုနှစ် ဇွန်လတွင် ဗိုလ်ချုပ်မှူးကြီးကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဓနသဟာယကို အားကောင်းစေသော ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ပြီး အာဏာရလာပြီးနောက် လအနည်းငယ်အကြာတွင် ရုရှားစစ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရသည်။

ဆယ်စုနှစ်များစွာ ပိတ်ဆို့အရေးယူမှုများနှင့် လက်နက်ရောင်းချမှု ပိတ်ပင်ခံထားရပြီးနောက် မြန်မာနိုင်ငံသည် မြန်မာစစ် တပ် ခေတ်မီရေးနှင့် ပြန်လည်ထူထောင်ရေးတွင် အဓိကသော့ချက်သည် ရုရှားနိုင်ငံနှင့်နွေးထွေးသော ဆက်ဆံရေးဖြစ် သည်။ တရုတ်အပေါ် စစ်ရေးအရ မှီခိုအားထားမှုကို လျော့ကျစေခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်များက အနောက်နိုင်ငံများကို သံသယများစွာဖြင့် ရှုမြင်နေပါသည်။ ယင်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်သံအမတ်သစ် ချန်ဟိုင် (Chen Hai) နှင့် တရုတ်နှစ်သစ်တွင် ကြိုဆိုခြင်းမှာ အနောက်နိုင်ငံမှ လေ့လာသူများကို တုန်လှုပ်ခြောက်ခြားသွားခြင်း မရှိခဲ့ပေ။
နောက်မဟာမိတ်တစ်ခုကတော့ မကြာသေးခင်က သံတွဲမှာ ခင်းကျင်းပြသခဲ့တဲ့ ထိုင်းစစ်တပ်နဲ့ ဆက်ဆံရေးပါပဲ။ သို့သော် တရားဝင် အစီအစဉ်တွင် မပါဝင်သည့် အကြောင်းအရာတခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထွန်းမင်းလတ်တို့၏ ပေါင်းသင်းဆက်ဆံရေးဖြစ်သည်။ စက်တင်ဘာလက ဘန်ကောက်မြို့ အရှေ့မြောက်ပိုင်းရှိ ထွန်းမင်းလတ်၏ တိုက်ခန်းကို ထိုင်းရဲများက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ အသက် ၅၃ နှစ်အရွယ် စီးပွားရေးသမားကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုနှင့် အခြားရာဇဝတ်မှုမကင်းသည့် ရောင်းဝယ်မှု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ရိုက်တာသတင်းဌာနက စီးနင်းမှုကို ဦးစွာ သတင်းရယူခဲ့ပြီး ထွန်းမင်းလတ်သည် “မင်းအောင်လှိုင်ရဲ့ ရင်းနှီးသူ” ဖြစ်သည်ဟု သတင်းရင်းမြစ် ၃ ခုနှင့် အတည်ပြုခဲ့ပါသည်။ သိမ်းဆည်းရမိမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉ သန်း နီးပါးရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည်စုံပိုင် အဆောက်အအုံရှိ အခြားတိုက်ခန်း တစ်ခုအတွက် တိုက်ခန်းအမည်ပေါက်လက်မှတ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သည့် Siam Commercial ဘဏ်စာရင်းစာအုပ် နှစ်အုပ်ကိုလည်း တွေ့ရှိခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရာထူးနှင့် ကြီးမားသော သြဇာလွှမ်းမိုးမှုမှ အကျိုးအမြတ်ရခဲ့သောကြောင့် သူ၏ သား သမီးများနှင့် ၎င်းတို့ပိုင် ကုမ္ပဏီခြောက်ခုစလုံးကို ပိတ်ဆို့အရေးယူရန် အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာနက ၂၀၂၁ ခုနှစ်တွင် ကြေညာခဲ့သည်။ “ မင်းအောင်လှိုင်က သူ့မိသားစုကို အရမ်းကာကွယ်တယ်၊ အဲဒါက မိဘက ချစ်တာပဲဖြစ်ဖြစ်၊ သူတို့ရဲ့အမှားလုပ်ဆောင်ထားမှုတွေကို ဖုံးကွယ်ထားဖို့လား၊ နှစ်ခုစလုံးလားတော့ မသိဘူး” ဟု ရန်ကုန်စီးပွားရေး လေ့လာသူဟောင်း တစ်ဦးမှ Nikkei သို့ ပြောသည်။

“တချို့က သူ့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အမြတ်အစွန်းတွေကို ရယူနေတယ်၊ သူ့ရပိုင်ခွင့်လို့ မြင်ကြတယ်၊ အခြေခံအားဖြင့်တော့ တပ်မှူးတစ်ယောက်အနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ အဲဒီရာထူးကို ထမ်းဆောင်ဖို့ အရင်ဘဝက လုပ်ခဲ့တဲ့ ကုသိုလ်ကံကောင်းမှုတွေလို့ မြင်တယ်” ဟု သုံးသပ်ပြောဆိုသည်။ “ ဒါဟာ ငါတို့မြင်သလို အကျင့်ပျက်ခြစားမှုလို့ မမြင်ဘဲ သူ့ရဲ့အောင်မြင်မှု ကံတရား တစ်ခုအနေနဲ့မြင်တယ်” ဟု ပြောဆိုခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်းက မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ အစီရင်ခံစာအရ မြန်မာဘိန်း ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် ၈၈ ရာခိုင်နှုန်းမှ တန်ချိန် ၇၉၀ အထိ တိုးလာခဲ့ကြောင်း၊ တပ်မတော်က အာဏာရယူပြီးနောက် ပထမဆုံး စိုက်ပျိုးမှု တစ်နှစ်ပြည့်သည့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄၂၀ နှင့် နှိုင်းယှဉ်ပါက “ကျွန်ုပ်တို့ အနေနဲ့ ဘိန်းထုတ်လုပ်မှု သိသိသာသာ တိုးမြင့်လာတာကို တွေ့ရတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အဖြစ် ဤကဲ့သို့ ဘိန်းအများဆုံး ထွက်ရှိခြင်းဖြစ်သည်” ဟု ဘန်ကောက်ရှိ UNODC ၏ ကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလပ်စ်က Nikkei သို့ ပြောကြားခဲ့သည်။ “အရင်တုန်းက တပ်မတော်အတွက် အကြီးမားဆုံး အကျိုးအမြတ်က ကုန်သွယ်မှုကို အခွန်ကောက်ခဲ့ခြင်း ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

“ ဘိန်းက အလုပ်ရှင်ဖြစ်ပြီး လူအများအပြား အလုပ်လက်မဲ့ ဖြစ်ကုန်ကြပြီ။ မင်းအောင်လှိုင် အာဏာသိမ်းပြီး တိုင်းပြည် စီးပွားရေး ပြိုပျက်သွားပြီ၊ အခု ပြည်သူတွေမှာ ဘာကျန်နေသေးလဲ။”

ဒီမိုကရေစီနဲ့ ငြင်းခုန်တယ်

အရပ်သားအုပ်ချုပ်ရေးကို ဖြုတ်ချရန် ဆုံးဖြတ်ချက်သည် လုပ်ငန်းခွင်အတွင်း စစ်ဘက်ဆိုင်ရာ စိတ်ကို တွက်ချက်သည့် လုပ်ရပ်တစ်ခုမျှသာမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေသော လက်စားခြေမှုများကို မိမိကိုယ်၌က ထိန်းသိမ်းထားရန် လှုံ့ဆော်ခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

အထက်ဖော်ပြပါ လေ့လာဆန်းစစ်သူသည် အမျိုးသမီးတစ်ဦးအတွက် ဗိုလ်ချုပ်မှူးကြီး၏ ပူလောင်ပြင်းပြသည့် အမုန်းတရားများကို ဖော်ပြသည်။ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် (ယခု ရာထူးမှ ဖျက်သိမ်းလိုက်သည့်) ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက မကြာခဏဆိုသလို ပြောင်ပြောင်တင်းတင်းနှင့် ပုဒ်မမျိုးစုံဖြင့် အစွပ်ဆွဲ ခံထားရခြင်းက ထိုအခြေအနေကို ဖော်ပြနေသည်။

နေပြည်တော်တွင် သိမ်ဖျင်းသော စွဲချက်များဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် သူမ၏ ပညာရေးကြောင့် စစ်ဗိုလ်ချုပ်ကြီးများ သိမ်ငယ်ခဲ့ရခြင်း၊ ကမ္ဘာပေါ်တွင် ထင်ရှားသူဖြစ်ခြင်းနှင့် တစ်ချိန်က မီဒီယာကို ကျွမ်းကျင်စွာ ပြောနိုင်သူဖြစ်ခြင်းတို့ကြောင့် စစ်အာဏာရှင် အဆက်ဆက် စစ်ဗိုလ်ချုပ်ကြီးများ၏ ရွံရှာမှုခံရခြင်း ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးမရမီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်သောကြောင့် တပ်မတော်၏ မျိုးရိုးတွင်လည်း သူမသည် အမြဲတမ်း သာလွန်နေပါသည်။

၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ကျခံနေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်၏ ဆက်ဆံရေးမှာ နားလည်ရခက်သည်။ “ကျွန်မအဖေက စစ်တပ်ရဲ့ဖခင်ဖြစ်ပြီး စစ်သားတွေအားလုံးက သူ့သားတွေ ဖြစ်တာကြောင့် သူတို့ဟာ ကျွန်မ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတာကို သင်ကြားခဲ့ရပါတယ်” ဟု ဘီဘီစီရေဒီယို အစီအစဉ်တစ်ခုဖြစ်သည့် Desert Island Discs ကို ၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သည်။ “ကျွန်မက တပ်မတော်ကို ချစ်ပါတယ်” ဟု ပြောခဲ့သည်။ “ ဒီလိုပြောတာကို လူတွေက မကြိုက်ကြဘူး။ စစ်တပ်အတွက် ကြော်ငြာပေးတဲ့အမျိုးသမီးလို့ ကျွန်မကို ဝေဖန်ကြတဲ့သူတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် ဒီဘဝမှာ ကြော်ငြာပေးတဲ့အမျိုးသမီးလို့ အမြင်ခံရတာ အင်မတန်မှ ကြည်နူးစရာ ကောင်းတယ်” ဟု သူမက ဆိုခဲ့သည်။

ကလေးစစ်သားစုဆောင်းခြင်း၊ မြေမြှုပ်မိုင်းများ မြှုပ်နှံခြင်းနှင့် မုဒိမ်းကျင့်သတ်ဖြတ်ခြင်းများ အပါအဝင် တပ်မတော်၏ ရက်စက်ယုတ်မာမှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က “သူတို့ လုပ်ခဲ့တာတွေကို လုံးဝ မကြိုက်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင်၊ သူ့ကို ချစ်တယ်လို့ ထင်တယ်ဆိုရင်၊ သူတို့ကိုယ်သူတို့ ပြန်လည် သတိတရားရပြီး ပြုပြင်လာနိုင်မယ့်အချိန်ကို အမြဲစောင့်မျှော်နေရမယ်” ဟု ပြန်ဖြေခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က တပ်မတော်ကို ဂုဏ်ယူလေးစားကြောင်း အတိအလင်း ပြောကြားမှုသည် မင်းအောင်လှိုင်မှ သူမအပေါ် မလို မုန်းထားမှုကြောင့် သူမအပေါ်ဒဏ်ခတ်သည့် ခံစားမှုကို ပေးအပ်ခြင်းဖြင့် အဓိပ္ပါယ်မဲ့ ဖြစ်ခဲ့ရသည်။

သို့သော်လည်း သူမသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ဟိဂ် (The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံးတွင် ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တပ်မတော်အား ခုခံကာကွယ်ခဲ့ပြီး သူမ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်လုပ်ရပ်ကြောင့် နိုင်ငံတကာမှ ထောက်ခံသူများ၏ စိတ်ဓာတ်များကို ဆွံ့အသွားစေကာ ၁၉၉၁ ခုနှစ်တွင် သူမရရှိခဲ့သော နိုဘယ်ဆုမှ လွဲ၍ မရေမတွက်နိုင်သောဆုများကို ပြန်လည်ရုပ်သိမ်း သွားခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ ဆက်ဆံဖူးတဲ့လူတွေကတော့ ပြောကြတယ်။ သူတို့ နှစ်ယောက် အတူတူပဲ ခေါင်းမာကြတယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာသူတဦးက Nikkei ကို ပြောသည်။ တခါတရံ စေ့စပ်ညှိနှိုင်းရန် ပျက်ကွက်ခြင်းနှင့် တစ်ဖက်လူကို စော်ကားခြင်းတွင် သူမသည် မင်းအောင်လှိုင်လောက်ပင် ဆိုးဝါးသည်။ တစ်ခါတရံတွင် သူမက မင်းအောင်လှိုင်အား ပြောခဲ့သော စကားကြောင့် ကျွန်တော်ပင် တုန်လှုပ်မိ သွားတယ်။ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးက ရန်လိုမှုရှိ နေပြီး နှစ်ဖက်လုံးဟာ ကိုယ့်စည်းဝိုင်းထဲ့ ကိုယ်နေပြီး တဖက်ကို ထိုးကြိတ်ဖို့ တတ်နိုင်သလောက် လုပ်နေကြတယ်” ဟု သူကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တပ်မတော်၏ ကိုယ်စားပြုပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားပါတီ အများအပြားကို ပြတ်ပြတ်သားသား အနိုင်ရခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ဘေးဆိုးများ ထွက်ပေါ် လာခဲ့သည်။ ယင်းရလဒ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် မဖြစ်မနေ အငြိမ်းစားယူရမည်ကို မယူခဲ့ဘဲ သက်တမ်း ၅ နှစ်တိုး ယူခဲ့သော်လည်း သမ္မတရာထူးကို ထမ်းဆောင်ရန် သူ၏ အခွင့်အလမ်းမှာ ပိတ်နေခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေး ကောက်ပွဲမှာ မဲမသမာမှုတွေရှိကြောင်း အကြောင်းပြပြီး လိမ်ညာအာဏာသိမ်းခဲ့သည်။ တိုင်းပြည်အကျိုးကို ထိန်းသိမ်းဖို့ ဗိုလ်ချုပ်ကြီးရဲ့ အောင်နိုင်ခဲ့တဲ့ အာဏာသိမ်းတိုက်ပွဲရဲ့ အထွတ်အထိပ်ကတော့ တိုင်းပြည်အတွက် အကျဆုံးခြင်းလို့ အများက ယုံကြည်ကြ ပါတယ်။

“ မင်းအောင်လှိုင်က တိုင်းပြည်ကို အဆိပ်သင့်စေတဲ့ ဆေးတွေပေးနေပြီး နောက်ဆုံးမှာ သူ့ကိုယ်တိုင် အဆိပ်သင့်မှာပါ” ဟု အငြိမ်းစား သြစတြေးလျ သံအမတ်ကြီး ကော့ပယ်လ် (Coppel) က ၂၀၂၁ ခုနှစ်တွင် Nikkei သို့ ပြောကြားခဲ့ပါသည်။ နှစ်နှစ်ကြာပြီးနောက် Coppel သည် မည်သည့်တိုးတက်မှုအတွက်မဆို အကန့်အသတ်ဖြင့်သာ ပွင့်လာမှုရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မည်သည့်တိုးတက်မှုအတွက်မဆို အကန့်အသတ်ရှိသော ပြတင်းပေါက်တစ်ခုကို တွေ့မြင်ရပြီး ဖြစ်နိုင်ခြေ အရှိဆုံးတစ်ခုမှာ “ အတွင်းက အာဏာသိမ်းမှုကသာ သူ့ကို ဖြုတ်ချနိုင်ဖို့ အကောင်းဆုံး မျှော်လင့်ချက်ပဲ” ဟု ကော့ပယ်လ်က Nikkei သို့ ပြောကြားခဲ့သည်။ “သူ့ကို ဆန့်ကျင်တဲ့ ပြည်တွင်းလုပ်ဆောင်နိုင်မှု ယန္တယား အရိပ်အယောင် မရှိသေးပေမယ့် အာဏာသိမ်းဖို့ ကြံစည်သူဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ကြေးနန်းရိုက်ပြောဖို့ မဖြစ်နိုင်တာကြောင့် ကျွန်တော်တို့ အများကြီး မပြောနိုင်ပါဘူး။” ဟု သူက ဆိုသည်။

Nikkei Asia ၏ တွဲဖက်အယ်ဒီတာ ဒိုမင်နစ် ဖော်လ်ဒါ (DOMINIC FAULDER) ရေးသားသည့် “Myanmar’s iron-fisted ruler Min Aung Hlaing fights to stay on his throne – Two years after seizing power, the general has undone any progress made under civilian rule” ကို Eras’s Eye မီဒီယာမှ ဘာသာပြန်ထားသည်။

ပထမပိုင်းကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/ErasEye/posts/pfbid02bPhyMEKX2BmzXmtD72YAP4WEnh7AME223rRw65b6guoQUY3LUC4Cn2xjWfkzQy2rl

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်စွာ အရေးယူပေးဖို့ Karenni-IEC တောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ အကြမ်းဖက်စစ်တပ်ကို လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူတာတွေ ဆောင်ရွက်ပေးကြဖို့ ကုလနဲ့ အီးယူအပါအ၀င် အာဆီယံနိုင်ငံတွေကို Karenni-IEC က
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 3 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့
မြန်မာသတင်း

မြိုင်မြို့ သရက်ကန်ရွာက ပျုစောထီးတွေ၊ ရဲတွေနဲ့ စစ်သားတွေ လက်နက်ချဖို့ သတိပေးထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ မြို့မြိုနယ်တောင်ပိုင်း သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေ လက်နက်ချပူးပေါင်းဖို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ သရက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးနေတာကြောင့်
မြန်မာသတင်း

(၅)ရက်တာကာလထဲ ခင်ဦးမြို့က ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ (၅)ရက်တာကာလထဲ ခင်ဦးမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာခန့်ကို စစ်ကောင်စီစစ်ကြောင်းက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလ (၂)ရက်နေ့ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မြိုင်မြို့ပေါ်က စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို တော်လှန်ရေးတပ်တွေ မီးရှို့ရှင်းလင်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ခိုင်ရေးရုံးတို့ကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ M.V.P Revolution Force ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နံနက် (၇)နာရီအချိန်က မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်း‌ပိုင်းပေါ်ရှိ
မြန်မာသတင်း

မဲစာရင်းတွေ မှန်ကန်အောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 5 Views
စက်တင်ဘာလ (၇)ရက်။ မဲစာရင်းတွေ မှန်ကန်အောင် နည်းပညာနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက မနေ့ကပြုလုပ်တဲ့ ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အဆင့်မြှင့်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ CVLMS စနစ်ကို နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်၊
မြန်မာသတင်း

သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ရသမျှကောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြားထား

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 4 Views
စက်တင်ဘာလ (၇)ရက်။ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ကာလသတ်မှတ်ကာ ရသမျှကောက်ယူဖို့ ညွှန်ကြားထားတယ်လို့ ဒုစစ်ခေါင်းဆောင် စိုး၀င်းရဲ့ မနေ့က ဗဟိုသန်းခေါင်စာရင်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူတာကို အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ သတ်မှတ်လုပ်ဆောင်မှာဖြစ်သလို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကြီးကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 6 Views
စက်တင်ဘာလ (၇)ရက်။ စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီအချိန်မှာ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သံတွဲမြို့နယ်ထဲက ဖက်ဆစ်စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတစ်ခုဖြစ်တဲ့