ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ၊ ဂေါက်ကွင်းအနီးမှာရှိတဲ့ ကင်းတဲကို မတ်လ ၃၁ ရက်နေ့ နေလည် ၁၂ နာရီအချိန်ခန့်မှာ အမည်မသိ လက်နက်ကိုင် လူ ၄ ယောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုအတွင်း လုံထန် ပြည်သူ့စစ်အဖွဲ့ရဲ့ ရဲဘော် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မူဆယ်မြို့အတွင်းမှာ ပြည်သူ့ စစ်အဖွဲ့အချင်းချင်း ပစ်ခတ်တာတွေ၊ လက်နက်ကိုင် လုယက်ဓားပြတိုက်တာတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပါတယ်။