နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင် PDF စစ်ဆေးရေးဂိတ်တွေက ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိနေ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲမှာ တပ်စွဲ ထိမ်းချုပ်ထားတဲ့ PDF စစ်ဆေးရေးဂိတ်တွေမှာ ခရီးသည်ယာဉ်လိုင်းတွေနဲ့ ဒေသခံတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဒီမှာ သူက စစ်ဆေးရေးဂိတ် ရှိတယ်ဗျ အဲဒီ စစ်ဆေးရေးဂိတ်က ကျွန်တော်တို့ ပြည်သူတွေ အပေါ်ကိုပေါ့ဗျာ ဘယ်လို ပြောရမလဲဆိုရင် PDF ဂိတ်ပေါ့ စံလင်းကျော် ဆရာစံ ဆိုတဲ့ ဂိတ်ကနေ ပြီးတော့ တစ်အား ပြည်သူတွေ ခရီးသည်ကားတွေ တစ်အား စစ်ဆေးရေးကြမ်းလို့မို့လို့ ပြည်သူတွေ ကားသမားတွေဆိုရင် မနေ့က သူ့ကို ကွမ်းကျွေးဖို့ ကွမ်းယာထုတ်လေး သွားယူတာတောင်မှ သူ့မပြောဘဲ သွားယူရမလားဆိုပြီး ကားသမားကို ထိုးကျိတ်ရိုက်နှက်တာတွေ ရှိတယ်ဗျ ယင်းမာပင်တောင်ဘက်ထွက်တဲ့ဂိတ်က အဲဒီလိုမျိုး ပြည်သူ​တွေအပေါ် နိုင်ထက် စီးနင်းလုပ်ပြီး စစ်ဆေးကြမ်းတမ်းနေပါတယ်ဗျ”
ဒေသခံ ပြည်သူတစ်ယောက်က အခုလို ပြောပြတာပါ။ လုံခြုံရေး အရ သူ့ရဲ့ မူရင်းအသံကိုတော့ ပြောင်းလဲထားပါတယ်။

ယင်းမာပင် PDF စစ်ဆေးရေးဂိတ်တွေက ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိနေ

ယင်းမာပင်ရဲ့ တောင်ပိုင်းဘက်မှာ အဓိက ကြုံခဲ့ရတာဖြစ်ပြီး သူထပ်ပြောတာကတော့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေ ကြုံလာတဲ့အခါမှာလည်း နေရပ်ကိုစွန့်ခွါတိမ်းရှောင်တာတွေ လုပ်နေရသလို အခုလို ဒေသခံ PDF တွေက ကိုယ်ထိလက်ရောက် ကျူးလွန်မှူတွေရှိနေတော့လည်း ဒေသခံတွေ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် စစ်ကောင်စီ အခြေစိုက်တပ်တွေနဲ့ ဒေသခံ PDF တပ်တွေ နေ့စဉ် နီးပါး ထိတွေ့မှုတွေ ဖြစ်လေ့ရှိပြီးတော့ တစ်ချို့ဒေသတွေမှာဆိုရင် PDF တွေက ထိမ်းချုပ်ထားနိုင်တယ်လို့ ဆိုရမှာပါ။“ကြာတော့လည်း ပြည်သူတွေက စစ်ကောင်စီကြောက်ရ PDF ကြောက်ရ ဖြစ်နေပါပြီဗျာ”


စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီနဲ့ PDF တို့ ထိတွေ့မှု အများဆုံး ဖြစ်နေတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်သလို တစ်ဖက်မှာလည်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ လက်မတွဲထားဘဲ သီးခြား ရပ်တည်နေတဲ့ တော်လှန်ရေး အင်အားစုတွေကလည်း ရှိနေပါတယ်။NUG ရဲ့ စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်တွေမှာတော့ အရပ်သား ပြည်သူများကို ခြမ်းခြောက်တာတွေ ပစ်မှတ်တိုက်ခိုက် တာတွေ မလုပ်ရဘူးလို့ ဆိုထားသလို စာသင်ကျောင်းတွေ ဆေးရုံတွေ ဘာသာရေး အဆောက်အအုံတွေ ယဉ်ကျေးမှု အထိမ်းအမှတ်နေရာတွေကို ပတ်မှတ်ထား တိုက်ခိုက်တာတွေ မပြုလုပ်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းက PDF တပ်ဖွဲ့တွေအနေနဲ့ ယင်းမာပင်မြို့နယ်ထဲမှာ ဂိတ်စခန်းဖွင့်တာတွေ တားဆီးစစ်ဆေး တာတွေ ငွေကောက်တာတွေ မလုပ်ရဘူးလို့ NUG ရဲ့ အမိန့်ညွှန်ကြားချက်လဲ ရှိခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 20 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 15 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 37 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 18 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊