နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ခါးရှည် ရဲစခန်းတိုက်ခိုက်ခံရမှု ဒေသခံများ ထပ်မံဖမ်းဆီးခံရ၊ စုစုပေါင်း ၃၀ ကျော်ထိရှိလာ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်၊ စံပြရွာက ရဲစခန်းကို ဧပြီလ ၂၇ ရက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် ဒေသခံတွေ ဆက်တိုက်ဖမ်းဆီး ခံနေရတယ်လို့ သိရပါတယ်။


ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဒေသခံ ၂၀ ကျော်ဖမ်းဆီးခံရပြီး မေလ ၁ ရက်‌မှာ နောက်ထပ်တစ်ကြိမ် ၁၄ ဦးကိုပါ ဖမ်းဆီးခဲ့တာကြောင့် စုစုပေါင်းဖမ်းဆီးခံရသူ ၃၀ ကျော်လာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

အရင်ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀ ကျော်လည်း ပြန်လွတ်လာတာ မရှိသေးသလို အဆက်အသွယ်လည်း မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Era’sEyes | ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) ပြောက်ကျားတပ်ဖွဲ့တို့အား တွေ့ရစဉ်။ /(Photo: Bago Region PDF)

ညောင်ခါးရှည် ရဲစခန်းတိုက်ခိုက်မှုကို ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) တို့ ပူးပေါင်းလုပ်ခဲ့တာဖြစ်တယ်လို့ ထုန်ပြန်ထားပါတယ်။

အဲဒီ စစ်ဆင်​​ရေးမှာရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ပဲခူးစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဘုတလင်နယ် အင်းတဲရွာက နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 5 Views
အောက်တိုဘာလ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ဘုတလင်နယ် အင်းတဲရွာထဲက ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှိခဲ့တယ်လို ဒေသခံတွေထံက သိရပါတယ်။
မြန်မာသတင်း

မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီ ပံ့ပိုးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေ ပိတ်ဆိုအရေးယူ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီ (၅)ခုကို ယူကေအစိုးရက ပိတ်ဆိုအရေးယူလိုက်တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

(၁၀)လတာထဲ စစ်ကြောရေး၊ ရဲစခန်းနဲ့ ထောင်တွေမှာ သေဆုံးတဲ့ နိုင်/ကျဉ်း (၅၀)ဦးထိရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 6 Views
အောက်တိုဘာလ (၃၀)ရက်။ (၁၀)လတာထဲ စစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅၀)ဦးအထိရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူတွေဟာ စစ်ကြောရေးမှာ အမျိုးသား (၁၂)ဦး၊ ရဲစခန်းမှာ
မြန်မာသတင်း

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်းကြေညာ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 14 Views
အောက်တိုဘာလ (၂၉)ရက်။ စစ်အာဏာရှင် အမြစ်ပြတ်ချမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ KNA ကို ကယန်းဒေသထဲရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် စုစည်းဖွဲ့စည်းကာ ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။ KNA
မြန်မာသတင်း

အကျဉ်းထောင်တွေထဲ စစ်ကောင်စီက သန်းခေါင်စာရင်းလို အချက်အလက်တွေ ကောက်ယူနေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 12 Views
အောက်တိုဘာလ (၂၉)ရက်။ အကျဉ်းထောင်တွေထဲ စစ်ကောင်စီက အကျဉ်းသူ/အကျဉ်းသားတွေကို သန်းခေါင်စာရင်းလိုမျိုး အချက်အလက်တွေ ကောက်ယူနေတယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စက်တင်ဘာလထဲကစပြီး နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက သန်ခေါင်စာရင်းလိုမျိုး အကျဉ်းသား၊
1027 Operations မြန်မာသတင်း

လားရှိုးမြို့က လူနေရပ်ကွက်ထဲ စစ်ကောင်စီက ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 9 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့ လားရှိုးမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၁၂)နာရီလောက်နဲ့ နေ့လယ် (၂)နာရီခွဲလောက်မှာ လားရှိုးက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့အခြေစိုက် နပခဌာနချုပ်ကို AA အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ဆို

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 13 Views
အောက်တိုဘာလ (၂၉)ရက်။ ဒီကနေ့မှာ အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AA က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ မနေ့ အောက်တိုဘာလ (၂၈)ရက်မှာ နပခလက်အောက်ရှိ စစ်ကောင်စီရဲ့ ခမရ (၃၇၁)၊ (၃၇၂)၊ (၃၇၃)အပြင်
မြန်မာသတင်း

အညာဒေသမှာ MOD/PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ BPLA ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 8 Views
အောက်တိုဘာလ (၂၉)ရက်။ အညာဒေသ စစ်ဆင်ရေးဖော်ဆောင်တာမှာ MOD/PDF အပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ BPLA တာဝန်ခံ မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။“ ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ