စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က တက္ကသိုလ် ဂိတ်ပေါက်မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရွှေဘိုအခြေစိုက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဧပြီလ ၂ ရက်ညနေပိုင်းတုန်းက စီးနင်း တိုက်ခိုက် ခဲ့တယ်လို့သိရ ပါတယ်။




အဲဒီတိုက်ပွဲမှာ နှစ်ဘက် အကျအဆုံးရှိခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသလို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၂ ဦးသေဆုံးခဲ့ပါတယ်။
ရွှေဘိုတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့အရှေ့ခြမ်းကျေးရွာတွေကနေ မြို့ပေါ်ကို သွားရောက်တဲ့ဒေသခံတွေကို ငွေကြေးကောက်ခံနေတာတွေကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ပူးပေါင်းအဖွဲ့တွေက ဆိုပါတယ်။
Era’sEyes | Photo – CJ