စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြု လိုက်တယ်လို့ မေလ ၃ ရက် မနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီး နောက်ပိုင်းမှာ ပဲခူးတိုင်း၊ ပြည်မြို့အကျဉ်းထောင်ကနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ နိုင်ငံရေးအကျဉ်းသား ၄၆ ဦး မေ (၃ ) ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
အကျဉ်းသား ၃၄ ဦးနဲ့ အကျဉ်းသူ ၁၂ ဦး ပြန်လွတ်လာတာဖြစ်တယ်လို့သိရပါတယ်။အချို့ အကျဥ်းသားတွေလည်း လွတ်မယ့်စာရင်းတွင်ပါဝင်ပြီးကာမှ စာရင်းပြန်ဖျက်ခံရတာကြောင့် လွှတ်ပေးတဲ့အထဲမှာ မပါဝင်တာမျိုးတွေလည်းရှိနေပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်ကတော့ ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျနေသူ သုံးဦးသာ ပြန်လည် လွတ်မြောက်သေးတယ်လို့သိရပါတယ်။