အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာ်အောင်ဟာ အရှေ့တီမောနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပါတယ်။




အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာက မိန့်ခွန်းပြောကြားတဲ့အခါမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
Era’sEye