မြန်မာ့သစ်တောတွေ ဘာကြောင့် ပြုန်းတီးသွားခဲ့ရသလဲ။
နိဒါန်း ။ ။ မြန်မာနိုင်ငံကို ဗြိတိသျှသိမ်းပိုက်ထားစဉ် ဘုံဘေဘားမားသစ်ကုမ္ပဏီကြီးက နိုင်ငံတွင်းရှိ ကျွန်းသစ်များကို စတင်ထုတ်ယူစဉ်ကစပြီး သားစဉ်မြေးဆက် စဉ်ဆက်မပြတ် ထုတ်ယူနိုင်သည့်စနစ်ကို ရေးဆွဲထားပြီး စနစ်တကျ ရှေ့ရေးအမျှော်အမြင်ရှိရှိဖြင့် သစ်များကို ထုတ်ယူခဲ့ကြသည်။ သစ်ပင်ကြီးများ၊ သားရဲတိရိစ္ဆာန်များဖြင့် သဘာဝအတိုင်း ရှိခဲ့သည့် သစ်တောကြီးများကို စစ်အစိုးရအဆက်ဆက် မည်သည့်အချိန်တွင် မည်သည့်အတွက်ကြောင့် တန်ဖိုးမဖြတ်နိုင်သည့် သားစဉ်းမြေးဆက် ထုတ်ယူသုံးစွဲနိုင်သည့် သစ်တောကြီးများကို တနပ်စားဉာဏ်ဖြင့် မိမိတို့ ကိုယ်ကျိုးအတွက် တောပြုန်းအောင်ပြုလုပ်ခဲ့ကြသည်ကို သစ်တောအရာရှိကြီးတစ်ဦး၏ ကိုယ်တွေ့အတွေ့အကြုံကို မေးမြန်းပြီး အများသိရှိဗဟုသုတရစေရန် ရေးသားတင်ပြလိုက်ပါသည်။ အထူးသဖြင့် နောင်မျိုးဆက်များ တိုင်းပြည်ကို ဦးဆောင်သည့်အခါ တိုင်းပြည် သံယံဇာတများကို ထိန်းသိမ်းရန် မည်မျှအရေးကြီးကြောင်း ရေရှည်အမြင်ရှိရန် လိုအပ်ကြောင်း နားလည် သဘောပေါက်ကြမည် ဆိုလျှင် ဤဆောင်းပါးကို အပင်ပန်းခံ ရေးရကျိုးနပ်ပြီဟု ဆိုချင်ပါသည်။ … ဆက်လတ်ဖတ်ရှုပါ မြန်မာ့သစ်တောတွေ ဘာကြောင့် ပြုန်းတီးသွားခဲ့ရသလဲ။
ဤ URL ကို ကူးယူ၍ သင့် WordPress ဆိုက်တွင် ကူးထည့်၍ တပ်ဆင်ပါ
ဤကုဒ်ကို သင်၏ site တွင် ထည့်သွင်းရန် ကူးယူ၍ ကပ်ပါ