စက်တင်ဘာလ (၂) ရက်နေ့က တောင်ကြီးမြို့၊ ရတနာသီရိ ရပ်ကွက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အုတ်ဖိုဘုန်းကြီးကျောင်း အုတ်တံတိုင်း ပြိုကျပြီး အမျိုးသမီးတစ်ဦး ပြင်းထန် ဒဏ်ရာရ ရခဲ့တယ်လို့ တောင်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဆီကနေ သိရပါတယ်။
အုတ်တံတိုင်းဟာ လူနေအိမ်ရဲ့ အခန်းတစ်ခန်း အပေါ်ကို ပြိုကျလာတာကြောင့် အမိုးတွေ ပျက်စီးပြီး အဲဒီအမျိုးသမီး အပေါ်မှာ လာပိနေတာလို့ ဆိုပါတယ်။
ဒဏ်ရာရသူ အမျိုးသမီးကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့က စဝ်စံထွန်းဆေးရုံကို ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၃၁) ရက်နေ့တုန်းကလည်း တောင်ကြီး – အေးသာယာ တောင်ဆင်းလမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါး ပြိုကျခဲ့ပြီး နာရီတော်တော်ကြာအောင် ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့လည်း သိရပါတယ်။
Eraseye\news