နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြိုင်မြို့အဝင်က စစ်‌ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး (၁) ဦးသေဆုံး

ဒီကနေ့ စက်တင်ဘာလ (၄) ရက် နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က မြိုင်မြို့အဝင် စစ်ကောင်စီရဲ့ မန္တလေးဂိတ်ကို ကားနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defense Force ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ခိုက်မှုမှာ အပြန်အလှန် ပစ်ခတ်ချိန် အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီး ဘန်ကာရှေ့ထွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၂) ဦးထဲက တစ်ဦးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ အလောင်းကို အိမ်စီးကားနဲ့ လာရောက်သယ်ဆောင်သွားခဲ့ကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ရင်း ၂ (တပ်ခွဲ ၃၊ တပ်ခွဲ ၄) နဲ့ Earthquake People`s Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ပျံ့နှံ့လာတယ်လို့ RCSS ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ဘိန်းအပါအဝင် စိတ်ကြွဆေးပြား၊ ICE နဲ့ မူးယစ်ဆေးဝါးအသစ်တွေ နေရာအနှံ့ ပျံ့နှံလာတယ်လို့ RCSS ရဲ့
မြန်မာသတင်း

ဖားဆောင်းမြို့ရှိ မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အရပ်သား (၇)ဦးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၁၁)နာရီအချိန် ကရင်နီပြည် ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲဝင်ကြဖို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
ဇွန်လ (၂၆)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲဝင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေအနေနဲ့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး
မြန်မာသတင်း

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီစခန်း (၉)ခု တိုက်ခိုက်ခံရပြီး (၂၀)ကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
ဇွန်လ (၂၅)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီစခန်း(၉)ခုကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ စခန်း (၉)ခုကို PDF စစ်ဆင်ရေးနယ်မြေ(၂)ကွပ်ကဲမှုအောက်ရှိ
မြန်မာသတင်း

မိတ္ထီလာမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၆)နာရီအချိန် မိတ္ထီလာမြို့ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စကစရဲ့ တပ်မ(၉၉)လက်အောက်ခံ
မြန်မာသတင်း

မိုင်းငေါ့ရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 44 Views
ဇွန်လ (၂၅)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က မိုင်းငေါ့မြို့ မန်ပွန်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်ကို SSPP/SSA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ် “ ညနေ(၄)နာရီ (၂၀)မိနစ်လောက်က လူအင်အား
မြန်မာသတင်း

ထိုင်းမှာ ဖမ်းဆီးခံရပြီး စစ်ကောင်စီထံ ပြန်ပို့ခံရကာ စစ်မှုထမ်းနေရသူ (၄)ဦး PDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 30 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၁၈)ရက်နေ့က ပလောက်မြို့ အမှတ်(၁၂) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်း‌ဗဟို ၁၂)က လူငယ် (၄)ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလူငယ် (၄)ဦးဟာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ်(၁၁)အနေနဲ့ အဓမ္မစုဆောင်းခံရသူတွေဖြစ်ပြီး
မြန်မာသတင်း

လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 25 ရက်
  • 28 Views
ဇွန်လ (၂၅)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ EAEU ရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘယ်လာရုစ်သမ္မတရဲ့ ဖိတ်ကြားတာကြောင့် စစ်ခေါင်းဆောင်က မင့်စ်မြို့မှာကျင်းပမယ့် စတုတ္ထအကြိမ် ဥရောပ-အာရှ