နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အစီအစဉ်တွင် စည်းလုံးညီညွတ်စွာ အစုအဖွဲ့ကွဲခြင်းမှ ရှောင်ကြဉ်ရန် အာဆီယံ တိုက်တွန်း

အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် တစ်နှစ်တာ၏ ပထမဆုံးသော ဝန်ကြီးအဆင့် ထိပ်သီးအစည်းအဝေးကို စနေနေ့က နိဂုံးချုပ်လိုက်ကြောင်း အင်ဒိုနီးရှားထိပ်တန်းသံတမန်က ပြောကြားပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်ကြောင်း ပြသခဲ့သည်ဟုဆိုသည်။

အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆုဒီ (Retno Marsudi) က အာဆီယံသည် အဖွဲ့၏ ကျယ်ပြန့်သော ပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆွေးနွေးတင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပါသည်။ “ဒီအစီအစဉ်က အာဆီယံဥက္ကဋ္ဌအတွက် အထူးအရေးကြီးပါတယ်၊ မြန်မာနိုင်ငံက အခြေအနေတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်ချက် တစ်ခုအနေနဲ့ အာဆီယံအတွက် အလွန်အရေးကြီးပါတယ်” ဟု မာဆုဒီက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘုံသဘောတူညီမှု (၅) ချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအဖွဲ့ဝင်များ၏ ခိုင်မာသောစည်းလုံးမှုကို ပြသခဲ့သည်။

ဘုံသဘောတူညီမှု (၅) ချက် သို့မဟုတ် 5PC သည် ထိုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်မှ ရွေးကောက်ခံ အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ပြုလုပ်သော ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ပြီး ဖြစ်မလာသေးသည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုမှုတို့ ပါဝင်သည်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မာဆုဒီသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုနှင့် ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများအပေါ် စာတမ်းတင်ရာတွင် အရေးကြီးကြောင်း မီးမောင်း ထိုးပြကာ “ စည်းလုံးခြင်း” ဟူသော စကားလုံးကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလတွင် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်မဟုတ်သော တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့က ဆွေးနွေးပွဲကိုရှောင်ခဲ့ကြသည်။ “ကုန်းမြေထု နဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အာဆီယံနိုင်ငံတွေကြား ချဉ်းကပ်ပုံက ကွာခြားမှုရှိပါတယ်” ဟု စင်ကာပူရှိ အာဆီယံလေ့လာရေးစင်တာမှ ညှိနှိုင်းရေးမှူးနှင့် အကြီးတန်းလုပ်ဖော်ကိုင်ဖက်ဖြစ်သူ Sharon Seah က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ တခုထင်ရှားတာက ထိုင်းနိုင်ငံ၏ အစပျိုးလုပ်ဆောင်မှုဟာ ကွာဟချက်ကို တံတားထိုးစေ့ပေးရန် ကြိုးစားခြင်းဖြစ်ပေမဲ့ ကွာဟချက်ကို ချဲ့ကားလိုက်သလိုမျိုး နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပါတယ်” ဟုဆိုသည်။

မြန်မာအရေးကိစ္စအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အစုအဖွဲ့တွင် အရှေ့တီမော၏ အဖွဲ့ဝင်အဖြစ်ပါဝင်လာရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောကို အဖွဲ့၏ (၁၁) ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုကာ လေ့လာသူအဆင့်ကို ပေးအပ်ရန် မူအားဖြင့် နိုဝင်ဘာလတွင် သဘောတူခဲ့သည်။ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ထပ်နေသည့် တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တရုတ်နှင့် ကျင့်ဝတ်ဆိုင်ရာတို့ကို “တတ်နိုင်သမျှ အမြန်ဆုံး” ဆွေးနွေးမှု အပြီးသတ်ရန် ဝန်ကြီးများသည် အဖွဲ့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။

Nikkei ၏ NANA SHIBATA နှင့် ISMI DAMAYANTI တို့ရေးသားသည့် ASEAN urges unity on Myanmar peace plan, avoids splitting bloc၊ Indonesia works to paper over splits shown in December meeting ကို Era’s Eye မှ ဘာသာပြန်ထားသည်။

ဖေဖော်ဝါရီ ၄ ရက်က ပြီးဆုံးခဲ့သည့် ဂျကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်းတို့၏ ဘုံသဘောထားကို ထပ်မံအတည်ပြုခဲ့သည်။ (ဓာတ်ပုံ-အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနမှ ကူးယူဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 6 Views
ဇွန်လ (၁၆)ရက်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို ရေးဆွဲနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ စတုတ္ထအကြိမ်ညီလာခံမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်တော်လှန်ရေး ချာတာတရပ်ကို မတူကွဲပြားတဲ့
မြန်မာသတင်း

ဆောမြို့မှာ ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျတရားခံတဦး ထွက်ပြေးလွတ်မြောက်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဇွန်လ (၁၅)ရက်။ ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ကော်သူးလေတည်ထောင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
ဇွန်လ (၁၅)ရက်။ “ ကော်သူးလေ” တည်ထောင်ဖို့ကို အင်တိုက်အားတိုက် ကြိုးပမ်းတည်ဆောက်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၇)နှစ်မြောက် ကော်သူးလေနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ကော်သူးလေနေ့” ဟာ “ ကော်သူးလေအစိုးရ”
မြန်မာသတင်း

စိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ ရပ်တန့်ဖို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁) မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 33 Views
ဖမ်းမိတဲ့သူတွေထဲ လူငယ်တွေကို စစ်သင်တန်းပေးပြီး တော်လှန်ရေးရဲဘော်အနေနဲ့ တာဝန်ပေးမယ်လို့ဆို ဇွန်လ (၁၅)ရက်။ ‌တော်လှန်ရေးစိုးမိုးနယ်မြေထဲ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ကိုင်နေတာကို တိုင်ကြားလာတာတွေရှိတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလောင်းကစားဝိုင်းတွေကြောင့် အိုးမဲ့အိမ်မဲ့ စာရိတ္တတွေ ပျက်စီးတဲ့အထိ
မြန်မာသတင်း

မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေထဲ တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 31 Views
ဇွန်လ (၁၅)ရက်။ မေလနဲ့ အခုလပထမအပတ်ထဲ မန္တလေးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ပြောက်ကျားတိုက်ပွဲပေါင်း (၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီပြောက်ကျားတိုက်ပွဲတွေထဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၁၈)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးနယ်မြေထဲ
မြန်မာသတင်း

CDF-Zophie ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ဇိုဖေရမ်ကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
စစ်အုပ်စုရဲ့ လိမ်လည်တာတွေကို နားမယောင်ဘဲ ဆက်လက်တော်လှန်ဖို့ တိုက်တွန်းထား ဇွန်လ (၁၃)ရက်။ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့‌အပေါ် ပြင်းပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဇိုဖေရမ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇိုဖေရမ်ကောင်စီရုံးစိုက်ရာနေရာဖြစ်တဲ့ CDF-Zophei
မြန်မာသတင်း

ချောင်းဦးမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 32 Views
ဇွန်လ (၁၃)ရက်။ အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

“မြန်မာ့အချုပ်အခြာတရုတ်လက်ထဲထိုးအပ်လိုက်ပြီလား”

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၁)မှာ ဆွေးနွေး တင်ပြမဲ့အကြောင်းအရာကတော့ “မြန်မာ့အချုပ်အခြာ တရုတ်လက်ထဲ ထိုးအပ် လိုက်ပြီလား”ဖြစ်ပါတယ်။ တရုတ်အစိုးရကမြန်မာနိုင်ငံပြည်တွင်းရေးကိုနိုင်ငံခြားပယောဂတွေဝင်လာမှာ ဝင်ရောက် စွက်ဖက်တာကို လုံးဝလက်မခံဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကပြောခဲ့သလို မင်းအောင်လှိုင် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း ထောက်ခံ အသိအမှတ်