အရှေ့တောင်အာရှနိုင်ငံများအသင်းမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် တစ်နှစ်တာ၏ ပထမဆုံးသော ဝန်ကြီးအဆင့် ထိပ်သီးအစည်းအဝေးကို စနေနေ့က နိဂုံးချုပ်လိုက်ကြောင်း အင်ဒိုနီးရှားထိပ်တန်းသံတမန်က ပြောကြားပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်ကြောင်း ပြသခဲ့သည်ဟုဆိုသည်။
အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆုဒီ (Retno Marsudi) က အာဆီယံသည် အဖွဲ့၏ ကျယ်ပြန့်သော ပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆွေးနွေးတင်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပါသည်။ “ဒီအစီအစဉ်က အာဆီယံဥက္ကဋ္ဌအတွက် အထူးအရေးကြီးပါတယ်၊ မြန်မာနိုင်ငံက အခြေအနေတွေကို စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းဖို့ လမ်းညွှန်ချက် တစ်ခုအနေနဲ့ အာဆီယံအတွက် အလွန်အရေးကြီးပါတယ်” ဟု မာဆုဒီက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘုံသဘောတူညီမှု (၅) ချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအဖွဲ့ဝင်များ၏ ခိုင်မာသောစည်းလုံးမှုကို ပြသခဲ့သည်။
ဘုံသဘောတူညီမှု (၅) ချက် သို့မဟုတ် 5PC သည် ထိုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်မှ ရွေးကောက်ခံ အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် ပြုလုပ်သော ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့ပြီး ဖြစ်မလာသေးသည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန် တောင်းဆိုမှုတို့ ပါဝင်သည်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မာဆုဒီသည် မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းမှုနှင့် ပတ်သက်၍ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများအပေါ် စာတမ်းတင်ရာတွင် အရေးကြီးကြောင်း မီးမောင်း ထိုးပြကာ “ စည်းလုံးခြင်း” ဟူသော စကားလုံးကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာလတွင် မြန်မာစစ်တပ်မှ ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်မဟုတ်သော တွေ့ဆုံပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ တက်ရောက်ခဲ့ပြီး အခြားအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့က ဆွေးနွေးပွဲကိုရှောင်ခဲ့ကြသည်။ “ကုန်းမြေထု နဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အာဆီယံနိုင်ငံတွေကြား ချဉ်းကပ်ပုံက ကွာခြားမှုရှိပါတယ်” ဟု စင်ကာပူရှိ အာဆီယံလေ့လာရေးစင်တာမှ ညှိနှိုင်းရေးမှူးနှင့် အကြီးတန်းလုပ်ဖော်ကိုင်ဖက်ဖြစ်သူ Sharon Seah က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ တခုထင်ရှားတာက ထိုင်းနိုင်ငံ၏ အစပျိုးလုပ်ဆောင်မှုဟာ ကွာဟချက်ကို တံတားထိုးစေ့ပေးရန် ကြိုးစားခြင်းဖြစ်ပေမဲ့ ကွာဟချက်ကို ချဲ့ကားလိုက်သလိုမျိုး နောက်ပြန်ဆုတ်သွားတယ်လို့ ယူဆနိုင်ပါတယ်” ဟုဆိုသည်။
မြန်မာအရေးကိစ္စအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အစုအဖွဲ့တွင် အရှေ့တီမော၏ အဖွဲ့ဝင်အဖြစ်ပါဝင်လာရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားသည်။ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့ စေလွှတ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောကို အဖွဲ့၏ (၁၁) ယောက်မြောက် အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုကာ လေ့လာသူအဆင့်ကို ပေးအပ်ရန် မူအားဖြင့် နိုဝင်ဘာလတွင် သဘောတူခဲ့သည်။ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ထပ်နေသည့် တောင်းဆိုမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တရုတ်နှင့် ကျင့်ဝတ်ဆိုင်ရာတို့ကို “တတ်နိုင်သမျှ အမြန်ဆုံး” ဆွေးနွေးမှု အပြီးသတ်ရန် ဝန်ကြီးများသည် အဖွဲ့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့သည်။
Nikkei ၏ NANA SHIBATA နှင့် ISMI DAMAYANTI တို့ရေးသားသည့် ASEAN urges unity on Myanmar peace plan, avoids splitting bloc၊ Indonesia works to paper over splits shown in December meeting ကို Era’s Eye မှ ဘာသာပြန်ထားသည်။
ဖေဖော်ဝါရီ ၄ ရက်က ပြီးဆုံးခဲ့သည့် ဂျကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၎င်းတို့၏ ဘုံသဘောထားကို ထပ်မံအတည်ပြုခဲ့သည်။ (ဓာတ်ပုံ-အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနမှ ကူးယူဖော်ပြသည်။