နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ မတရားဖမ်းဆီးခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင် သုံးနှစ်ချခံခဲ့ရတာပါ။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဝင် ဒုရဲအုပ်ချယ်ရီထက်ကိုလည်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံထားရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိဖြစ်သူ နိုင်ငံတော်သမ္မတရုံး၊ သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီးရဲ့ ဒုညွှန်မှူး ဦးအောင်နိုင်ဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ် ချထားတာပါ။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 25 Views
ဒီဇင်ဘာလ (၁၈)ရက်။ Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice
မြန်မာသတင်း

လှိုင်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၈)ရက်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို တော်လှန်ရေးတပ်တွေအကြား ဘုံရည်မှန်းချက်၊ ဘုံလမ်းစဉ်တွေနဲ့ အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှုတွေ တည်ဆောက်တာက တော်လှန်ရေးအောင်ပွဲဆီ ပိုမိုတည့်မတ်စွာ
မြန်မာသတင်း

ရွေးကောက်ပွဲသတိပေးတဲ့အနေနဲ့ ဂန့်ဂေါရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ်ဘက်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်ဘက် ရှော့တိုက်ဒုံး (၃)လုံး ပစ်ခတ်ခံရတာ။ ဒါပေမယ့်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 38 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။ ယင်းမှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်
မြန်မာသတင်း

မင်းလက်ပံခြံဝင်းထဲ ကျားဖြန့်လုပ်သားတွေ ကင်းစင်သွားကာ ခြံဝင်းကို ချိတ်ပိတ်သိမ်းလိုက်ပြီလို့ KNU ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၇)ရက်။ သောရင်မြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို အပြီးသတ် ထွက်ခွာသွားပြီလို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဲသောင်ပြင်မှာ စောင့်ဆိုင်းနေသူတွေဟာ တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာတာကြောင့် နေ့တိုင်းလိုလို အရဲစွန့်ပြီး
မြန်မာသတင်း

ရွေး‌ကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၀၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၇)ရက်။ ရွေးကောက်ပွဲ ပျက်ပြားအောင် နှောင့်ယှက်တာကြောင်ဆိုပြီး ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၂၉)ဦးအထိရှိလာတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပြီးနောက် ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ အရေးယူမှု (၁၄၀)မှာ အမျိုးသား (၂၀၁)ဦးနဲ့