နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

သာယာကုန်း ပင်မဓာတ်အားခွဲရုံ ကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရ ၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်နေ

ဧပြီ(၄)ရက် ည ၉နာရီ ခွဲအချိန်ကစပြီး ရန်ကုန် ၊မန္တလေး မြို့ကြီးတွေအပါအဝင် တနိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ပေါ်နေပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်း က တော့ လျှပ်စစ်မီးပျက်တာနဲ့ပတ်သက်ပြီးပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သာယာကုန်း ပင်မဓာတ်အားခွဲရုံ ကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့်လို ထုတ်ပြန်ထားတာပါ။

ဧပြီ ၄ ရက် ည ၉နာရီ ၂၁ မိနစ်မှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သာယာကုန်း ပင်မဓာတ်အားခွဲရုံကို ဒရုန်း ဖြင့် ဗုံး (၁၀)လုံး ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးခဲ့ကာ ဓာတ်အားစနစ် တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။အဆိုပါတိုက်ခ်ုက်မှုတွင် ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းမှ ဓာတ်အားများ ရန်ကုန်နှင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ အပြည့်အဝပို့လွှတ်နိုင်မှုမရှိဘဲ ပြတ်တောက်ခဲ့ရခြင်းဖြစ်တယ်လို့ဖော်ပြထားပါိတယ်။

ဒီဖြစ်စဥ်ကြောင့် လျှပ်စစ်ကော်ပိုရေးရှင်းအနေနဲ့ဝန်အားထိန်းညှိပြီးဓာတ်အားဖြန့်ဖြူးမှုများ ဆောင်ရွက်ရန် စီစဉ်နေတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်အခုလို တိုက်ခိုက်ခံရတာတွေမဖြစ်ခင်အချိန်ကတည်းကလည်း လျှပ်စစ်မီးကို ပြည်သူတွေ ပုံမှန် အသုံးပြုလို့မရတာ တွေဖြစ်ပေါ်နေခဲ့တာပါ။

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ကြတော့ပဲ ပြန်လည်ရုပ်သိမ်းကာ ပြည်တော် ပြန်သွားကြတဲ့ လုပ်ငန်းကြီးတွေအများအပြားရှိခဲ့ပါတယ်။

မကြာသေးခင်အချိန်ကပဲ ရန်ကုန်ဆိပ်ကမ်းကနေ တရုတ်အခြေစိုက် CNTIC Vpower ကုမ္ပဏီရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့သော LNG ဓာတ်ငွေ့ရည်တင်သ င်္ဘောဟာ စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်နေသေးပေမယ့်လည်း ဖျက်သိမ်းပြီး ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။

Era’sEyes |Photo -လျှပ်စစ်ကော်ပိုရေးရှင်းထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 38 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 33 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 37 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 38 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 41 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 48 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 31 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 34 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့