ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်သူ လူထုအားကိုး ယုံကြည်သော နာ မည်ကျော် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များ က ဧပြီ (၃)ရက်တွင် သစ္စာရေ သောက်ခဲ့ကြပြီး စစ်အာဏာရှင် ကို အမြစ်ပြတ်ခြေမှုန်းရေး ပူးပေါင်းဆောင်ရွက် သွားကြမှာဖြစ်တယ်လို့Lion Battalion Commando-ဗျူဟာစစ်ကြောင်း က သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်များကို နှိမ်နင်း သုတ်သင်နိုင်ခဲ့တဲ့ နာမည်ကျော် ကော်သူလေးတပ်မတော် စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ၊ Lion Battalion Commando-ဗျူဟာ စစ်ကြောင်း ဗျူဟာမှူး ဗိုလ်အယ်စေးဝါး၊ ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော် သက်၊Cobra Column စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊ ဒုစစ်ကြောင်း မှူး ဗိုလ်စောကော် တို့ ဟာ အတူတကွပေါင့းစည်းရေးအတွက်သစ္စာပြုခဲ့ကြတာဖြစ်ပါတယ်။အခုတခေါက်မှာတော့ စစ်ကောင်စီနှင့်အတူ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ KNU/KNLA Peace Councilဗျူဟာ(၂)မှဗျူဟာမှူးဗိုလ်လက်ကိုင်၊ KNU/KNLA Peace Council ဗျူဟာမှူး စောဘလို့၊ KNU/KNLA Peace Council တပ်ရင်းမှူး ဗိုလ်ကျော်ဂ လော တို့ကလည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေး တွင် ပါဝင်လာတယ်လို့ ဆိုပါတယ်။







အာဏာရှင်စစ်ကောင်စီတပ်ကို အမြစ် ဖြတ် သုတ်သင်ချေမှုန်းမည့် တော်လှန်ရေးတစ်ရပ်ဆင်နွဲနိုင်ရန် ခေါင်းဆောင်အသီးသီးက ဘုံသဘောထား တူညီခဲ့ကြတာဖြစ်ပြီး ပြည်သူအားလုံးကို သက်သေတည်ကာ သစ္စာရေသောက်ကတိကဝတ် ပြုခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
Era’Eyes |Photo -Lion Battalion Commando