စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ဧပြီ ၅ ရက် မနက်ပိုင်းမှာ လမ်းပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ကျွန်းလှ ဒေသခံတွေဆီကသိရပါတယ်။
အင်အား ၁၀၀ လောက်ရှိတဲ့ အဲဒီစစ်ကြောင်းက အင်းမရွာမှာ တပ်စွဲခဲ့ပြီး အခုမနက်မှာ ကျွန်းလှမြို့နယ်ထဲကို ဝင်ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။


အခုလိုစစ်ကြောင်းဝင်ရောက်လာရင် ရွာတွေကိုမီးရှို့ ဖျက်ဆီးတာတွေပစ်ခတ်တာတွေလုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံတွေ
၃၀,၀၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
#Era’Eyes | Photo -CJ/ကျွန်းလှမြို့နယ်ထဲက ကျေးရွာတစ်ရွာမြင်ကွင်း/ပုံဟောင်း