CDF-KKG မှ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို လွန်ခဲ့သောရက်ပိုင်းက အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။



အဲဒီသင်တန်းဆင်းပွဲကို CDF-KKG မှ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသော ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပြီး၊ စစ်ရေးပြအလှဆုံးဆု၊ လက်ဖြောင့်ဆု၊ ဇွဲဆုနဲ့ စံပြဆု အစရှိတဲ့ တစ်ဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
CDF-KKGအဖွဲ့ဟာ ဖွဲ့စည်းတည်ထောင်တာ နှစ်နှစ်ကျော်ကြာပြီဖြစ်ပြီး လွန်ခဲ့တဲ့ မေလ (၃၀) ရက်နေ့ကလည်း အခြေခံစစ်ပညာ သင်တန်းဆင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
Era’sEye