စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၇) ရက်နေ့တုန်းက ပြည်တော်သာကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ခန့် မဒိုဒိတ်ဟွဲနဲ့ သူငယ်ချင်းဖြစ်သူဟာ ကလေးမြို့ကို လာတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့စီးလာတဲ့ ဆိုင်ကယ်နဲ့ ဖုန်း၊ ပိုက်ဆံအိတ်တို့ကို သိမ်းဆည်းခဲ့ပြီး မဒိုဒိတ်ဟွဲကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆိုက်ကယ်နဲ့ဖုန်းကို ပိုက်ဆံ ငါးသောင်းနဲ့ နောက်နေ့ လာရွေးဖို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်နဲ့ ဖုန်းကို ပိုက်ဆံငါးသောင်းနဲ့သွားရွေးမယ့် နောက်နေ့မနက်မှာပဲ ထမင်းစားနေတဲ့အချိန် ခေါင်းတွေ ကိုက်ခဲလာပြီး၊ နားရွက်ကနေ သွေးတွေထွက်တာကြောင့် ကလေးမြို့ပေါ်က ဆေးရုံတင်လိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကလေးမြို့ပေါ်ကဆေးရုံမှာ ဆေးကုသခဲ့ပေမယ့် မသက်သာတဲ့အတွက် မန္တလေးမြို့က ဆေးရုံတွေကိုလွဲပြီး မန္တလေးကိုသွားနေတဲ့အချိန် လမ်းပေါ်မှာပဲ ရရှိထားတဲ့ ဒဏ်ရာကြောင့် စက်တင်ဘာလ (၅) ရက်နေ့ ညနေပိုင်းမှာတော့ သေဆုံးသွားပြီလို့သိရပါတယ်။