ခမ်းပါတ်မြို့မှာ စစ်ကောင်စီက ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး (၄) ဦးကို သတ်ဖြတ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ ဒီဇင်ဘာလ (၆) ရက်နေ့ မနက်စောစောမှာ ခမ်းပါတ်မြို့အဝင်မှာ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးခဲ့ရာ နေရာမှာပင် လေးဦးကို သတ်ဖြတ်ခဲ့ပြီး နောက်နှစ်ဦးကိုတော့ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ၎င်းတို့ထဲက တစ်ဦးကတော့ ဒဏ်ရာတွေနဲ့ လွတ်မြောက်လာတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေးမြို့နဲ့ တမူးမြို့ကြားက ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ နိုဝင်ဘာလ (၇) ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားသလို NUG, MOD ကလည်း ခမ်းပါတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။ နယ်မြေခံ ဒေသခံတွေက ခမ်းပါတ် ပကဖတွေဆီကို စစ်ကောင်စီစစ်ေကြာင်းတွေ ပြန်လည်တက်လာနေတယ်လို့ သတင်းပေးခဲ့ပေမယ့် မယုံကြည်ခဲ့တဲ့အတွက် အခုလို … Continue reading ခမ်းပါတ်မြို့မှာ စစ်ကောင်စီက ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး (၄) ဦးကို သတ်ဖြတ်