နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခမ်းပါတ်မြို့မှာ စစ်ကောင်စီက ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး (၄) ဦးကို သတ်ဖြတ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။

ဒီဇင်ဘာလ (၆) ရက်နေ့ မနက်စောစောမှာ ခမ်းပါတ်မြို့အဝင်မှာ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးခဲ့ရာ နေရာမှာပင် လေးဦးကို သတ်ဖြတ်ခဲ့ပြီး နောက်နှစ်ဦးကိုတော့ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ၎င်းတို့ထဲက တစ်ဦးကတော့ ဒဏ်ရာတွေနဲ့ လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေးမြို့နဲ့ တမူးမြို့ကြားက ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ နိုဝင်ဘာလ (၇) ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားသလို NUG, MOD ကလည်း ခမ်းပါတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

နယ်မြေခံ ဒေသခံတွေက ခမ်းပါတ် ပကဖတွေဆီကို စစ်ကောင်စီစစ်ေကြာင်းတွေ ပြန်လည်တက်လာနေတယ်လို့ သတင်းပေးခဲ့ပေမယ့် မယုံကြည်ခဲ့တဲ့အတွက် အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ဆက်သွယ်ပြောကြားလာပါတယ်။ အသတ်ခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးရဲ့ ဓာတ်ပုံတွေကိုလည်း ပို့ပေးခဲ့ပါတယ်။

ဒါပေမယ့် ခမ်းပါတ်မြို့ဟာ အိန္ဒယ-မြန်မာ ဆက်သွယ်ရေး လမ်းမကြီးဖြစ်ပြီးစစစ်ကောင်စီအတွက် အလွန်အရေးပါတဲ့မြို့ ဖြစ်ပါတဲ့အတွက် စစ်ကောင်စီဘက်ကလည်း အင်အားတိုးချဲ့ပြီး ပြန်သိမ်းဖို့လုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးလေယာဉ်ကွင်း ငလျင်မြင်ကွင်း

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 3 Views
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ် မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့
မြန်မာသတင်း

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျူ ၇.၇ အင်အားရှိ ငလျင်ကြီးလှုပ်

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 1 Views
မတ်လ ၂၈ ရက်။ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ 12 နာရီ မိနစ် 50 ဝန်းကျင်မှာ အင်အား ၇.၇ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 11 Views
မနေ့က နံနက် (၆)နာရီအချိန် အုတ်တွင်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းဟောင်း ညောင်ခြေထောက်အပိုင်မှာ ကာကွယ်ရေးတပ်တွေက လမ်းပိုင်းလုံခြုံရေး စစ်ဆေးခဲ့တာပါ။ အဲ့ဒီအချိန် ညောင်ခြေထောင်အပိုင်ရဲစခန်းက
မြန်မာသတင်း

လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံဘဲ တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 28 ရက်
  • 6 Views
မတ်လ (၂၈)ရက်။ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝလက်မခံတဲ့အတွက် တရားတဲ့စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နယ်မြေဒေသအလိုက် အာဏာရရှိဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဖော်ဆောင်တာတွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပစ္စည်းဥစ္စာတွေနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 6 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ သတ်မှတ်ချိန်ထက် ကျော်လွန်ဖွင့်လှစ်တာ၊ အဲ့ဒီဆိုင်တွေကနေ ဝယ်ယူလာသူတွေဟာ အမူးလွန်စွာသောက်သုံးတာနဲ့
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 12 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ