မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ လူသိများတဲ့ ၃၈ လမ်း လမ်းဘေးဝဲယာက စိန်ပန်းပင်တွေကို စက်ယန္တရားတွေ အပါအဝင် လူအင်အားသုံးပြီး ခုတ်ထွင်ရှင်းလင်း ဖယ်ရှားနေတယ်လို့ မန္တလေးဒေသခံတွေဆီကသိရပါတယ်။
အဲဒီစိန်ပန်းပင်နီနီရဲရဲတွေ ကိုဖယ်ရှားလိုက်ပြီး ငါးပေလောက်ရှိတဲ့ သပြေဘူတ အပင်ငယ်လေးတွေကို ပြောင်းလဲစိုက်ပျိုးနေတာဖြစ်ပါတယ်။
သပြေဘူတ အပင်ငယ်လေးတွေ က အဝါရောင်ပန်းပွင့်တဲ့အမျိုးအစားဖြစ်ပါတယ်။
Era’sEyes |photo -CJ
မဟာအောင်မြေမြို့နယ် ဒေါ်အောင်ဆန်းစုကြည်လမ်းက စိန်ပန်းပင်များ ခုတ်ထွင်ရှင်းလင်းနေစဥ်။