စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အတွင်းက ချောင်းဆင်းရွာနဲ့ ရသစ်ကျေးရွာကို စစ်ကောင်စီတပ် ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် (၉၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


မြောင်မြို့နယ် ပေါက်ချောင်းကျေးရွာကနေ ချောင်းဆင်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့က မတ် (၆)ရက် မနက်ပိုင်းမှာ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် (၇၄)လုံးပျက်စီးခဲ့ရပါတယ်။



ဒါ့အပြင် ရသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် (၁၇) လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ နဂါးပေါက်ကျေးရွာကို အဲဒီ စစ်ကောင်စီတပ်က ညနေပိုင်းမှာ စစ်ကြောင်းထိုး ညအိပ်တပ်စွဲခဲ့ပြီး ညလုံးပေါက် ပတ်ဝန်းကျင်ကို လက်နက် ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထိတ်လန့်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။