နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်က ဒေသခံတွေ ညတွင်းချင်း တိမ်းရှောင်ခဲ့ရ

ယင်းမာပင်မြို့ အနီးတစ်ဝိုက်က ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ချဲ့ထွင်လာခဲ့တာတွေ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


“ယင်းမာပင်နဲ့ နီးတဲ့ ရွာမှန်သမျှ အကုန်ပြေးရတာကြီးပဲ ဘာလို့ ပြေးရလဲဆိုရင် ယင်းမာပင်မြို့နယ်ထဲက စကစတွေက မြို့ပြင်ကိုထွက်တယ် အဲဒီကနေ ကြေးနီမိုင်းက စကစတွေကလည်း တောင်ကို အထွက်ပြတယ်ဗျ ဒီယင်းမာပင်နားမှာရှိတဲ့ ရွာတော်တော်များများ မနေ့က ညတွင်းချင်း တိမ်းရှောင်ပြေးရတာဗျ ကျွန်တော်တို့ အပါအဝင်ပေါ့”


ယင်းမာပင် တစ်ဝိုက် ဒရုန်းတွေနဲ့ ခြေရာခံပြီးတော့ ရွှေတောင်ဦးရွာဘက်အခြမ်းကနေ လက်နတ်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


“အမြှောက်ကြီးတွေနဲ့ ပစ်ဖို့ဟာကို သူတို့က ဒရုန်းတွေနဲ့ အပျံအသွား အဲဒီ ရွှေတောင်ဦးနဲ့ ရဲတပ်ရင်းနဲ့ ကျွန်တော်တို့ ယင်းမာပင်နဲ့ ဆို ဒရုန်းတွေက အပေါ်တွေမှာ မနေ့ညက ဝဲနေတာ အဝင်အထွက်တွေလုပ်ပြီးတော့ ဝဲနေတာ အဲဒီမှာ ကြေးနီတောင်ဆိုတဲ့ ကြေးနီမိုင်းပေါ့ ၁၁ ကျော် ၁၁ ခွဲလောက်ကြတော့ ထွက်လာတာ စကစတွေက အဲဒီကနေ ထွက်ပြီဆိုရင် ပြည်သူတွေကလည်း အကုန် မနေ့ညတုန်းက ပုန်းရှောင် တိမ်းရှောင် နေကြရတာ အကုန်ပြေးလွှားနေရတာ မနေညကလည်း တစ်ညလုံး ယင်းမာပင်မြို့ထဲကနေလည်း ယင်းမာပင်မြို့ နှောရိုးထိ အထွက်ပြတာ ပြတော့ သူက ၂ ဦး ၂ ဖက် အရှေ့နဲ့အနောက်ကို ညှပ်ပြီးတော့ ပြည်သူတွေကို ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီလိုမျိုးလုပ်တယ်ဗျ ယင်းမာပင်တော်တော်များများပါ အိမ်ခြေ ရွာတွေတောင် အရေအတွက်တောင် မရေနိုင်ဘူး ပြောလို့မရဘူးဗျ ဘာလို့ဆို တော်တော်များများ ယင်းမာပင် ပက်ချာလည် မြို့နယ်နီးတဲ့ ရွာမှန်သမျှ မနေ့က အကုန်ရှောင်ရတာဗျ ရွှေတောင်ဦးဘက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာဆိုတော့”


ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်နေ့ကလည်း ယန်စီကြေးကုမ္ပဏီဘက်က အင်အား ၉၀ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာနဲ့ ရွှေပန်းခိုင်ကျေးရွာကြားမှာရှိတဲ့ အင်ကြင်းတောင်အနီးမှာ အရပ်သား ၂ဦးကို သတ်ဖြတ်ခဲ့ပြီးတော့ ရွာသာ(ကြီး)ကျေးရွာက အသက် ၅နှစ်အရွယ်ကလေးတစ်ဦးကိုလည်း ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 22 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 45 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 19 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊