ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံပြည်သူ ၄ ထောင်ခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီနေ့ ၇ ရက်နေ့ မနက် ၇ နာရီ အချိန် လောက်မှာ တင်ကုတ်ကြီးပျူရွာကနေ ထွက်လာတဲ့စစ်ကြောင်းက ကိုးမြို့ရွာကို ဝင်ရောက်ကာ မီးတင်ရှို့နေပြီး ထန်းကုန်းစံပြရွာဘက်ကထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ ခမရ ၃၆၁နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဆူးပုတ်ကုန်းရွာကို မီးတင်ရှို့နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ နယ်မြေခံပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အင်အား ၂၇၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းညှပ်ကာ ဇူလိုင်လ ၇ ရက် ဒီနေ့မနက်အစောပိုင်းက စတင်စစ်ရေးလှုပ်ရှားနေတာလို့ သိရပါတယ်။

All reactions:
77
Like
Comment
Share