ပြည်ထောင်စုလမ်းဖြစ်တဲ့ ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမနဲ့ ထားဝယ်ခရိုင်အတွင်းက အဝေးပြေးလမ်းများမှာ ညနေ ၆ နာရီကနေ နံနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုကြဖို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဖြူပကဖ) က စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ်လ ၃၁ ရက်ကလည်း ထားဝယ်-ရန်ကုန်လမ်းပိုင်းမှာ ညပိုင်းသွားလာခြင်း မပြုကြဖို့ ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။
အဲဒီလမ်းပိုင်းတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးမှုကို လက်ခံပေးဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ကားတွေနဲ့ အနီးကပ်မောင်းနှင်ခြင်းမပြုကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ထားဝယ်ခရိုင်အတွင်းက ရန်ကုန်-ထားဝယ်လမ်းပိုင်းတွေမှာ စစ်ကောင်စီယာဥ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေ ရှိခဲ့ပါတယ်။