နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့စစ်တပ်ဖွဲ့က ခေါ်ယူထားတဲ့ တအာင်းတိုင်းရင်းသား ၁၂၇ ဦးကို TNLA ကယ်ထုတ်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက အိမ်ခြေ (၆၀၀) ဝန်းကျင်ရှိတဲ့ ဂျာယန်ကျေးရွာ ပြည်သူ့စစ်စခန်းမှာ လူသစ်အဖြစ်စုဆောင်းခံရပြီး သင်တန်ပေးခံနေရတဲ့ တအောင်းပလောင် တိုင်းရင်းသား (၁၂၇) ဉီးကို တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA က ဖေဖေါ်ဝါရီ (၄) ရက်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တအာင်းတိုင်းရင်းသားတွေဟာ ဂျာယန်၊ မန်ကောင်း၊ နမ့်မောအပါဝင် အခြားကျေးရွာ အချို့ ကဖြစ်တယ်လို့သိရပြီး ကျောင်းနေ အရွယ်အပါအဝင် အသက် (၈) နှစ်ကနေ (၁၇) နှစ် အထိ ကလေး (၂၀) ဦး၊ အမျိုးသမီး (၁၅) ဦးနဲ့ တခြား အရွယ် (၉၂) ဦး၊ စုစုပေါင်း (၁၂၇) ဦးဖြစ်တယ်လို့ သိရပါတယ်။

ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်သားစုဆောင်းခံရတဲ့ ကလေး မိဘတွေကိုယ်တိုင်က သူတို့အုပ်ချုပ်ရေးဌာနကို လာရောက်တိုင်ကြားခဲ့တာကြောင့် အခုလို ကယ်ထုတ်ခဲ့တာလို့ TNLA က ပြောကြားထားပါတယ်။ ကယ်ထုတ်ခံရတဲ့ တအာင်းတိုင်ရင်းသားတွေကို ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ပြည်သူ့စစ်အဖြစ် သွတ်သွင်းဖို့ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့ က လူကောက်ယူခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း သင်တန်းပေးနေချိန် TNLA တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပါတယ်။

ပြည်သူ့စစ်စခန်းကို TNLA တပ်ဖွဲ့က ဝင်ရောက်တဲ့နေ့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ် ယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲကြောင့် မန်ကောင်းနဲ့ အနီးအနား ရွာကဒေသခံ ၁၀၀ ကျော်ဟာ လယ်ကွင်းတွေနဲ့ နီးစပ်ရာကျေးရွာကို ထွက်ပြေးခဲ့ရတယ်လို့ သူကပြောပါတယ်။

အဲဒီနေ့က TNLA ဘက်က သွားရောက်ခေါ်ထုတ်ချိန်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ် ၃၀ လောက်အထိ ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကနေ ပစ်ကူပေးခဲ့တယ်လို့ TNLA တပ်ဖွဲ့က ပြောကြားထားတာပါ။ TNLA တပ်ဖွဲ့က စခန်းကို ဝင်ရောက်ခဲ့ချိန်မှာ ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့ဝင် မိသားစုတွေရဲ့ ကလေးနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်အပါအဝင် ရွာသား ၅၀ နီးပါးကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး စခန်းထဲကို ဝင်ရောက်ခဲ့တာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဦးမထုနော် ဦးဆောင်တဲ့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဟာ ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KIA ကနေခွဲထွက်ပြီး ၁၉၉၁ မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ကောင်းခါးဒေသမှာ မြန်မာငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးမျိုးစုံ ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်း ခေါင်းဆောင်အချို့ ထိန်းသိမ်းခံရပြီး ၂၀၂၀ မတ်လနောက်ပိုင်းကစလို့ ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဖျက်သိမ်းလိုက်တဲ့ ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့ကိုးဖွဲ့ထဲက ကောင်းခါးပြည်သူ့ စစ်ကို မန်ပြိန် ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ပြီး ယခင်ရှိနေတဲ့ မန်ကျယ်၊ ဂျာယန်၊ မိုင်းလီ၊ ဖောင်းဆိုင်(၂) စတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေကိုတော့ မူလအတိုင်းပဲဖွဲ့ စည်းထားပါတယ်။

ဂျာယန်ကျေးရွာဟာ အိမ်ခြေ ၆၀၀ ရှိတာဖြစ်ပြီး အိမ်ခြေ ၂၀၀ လောက်မှာ ကချင်တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ ဂျာယန်ပြည်သူ့စစ်ကို ၁၉၉၁ မှာဖွဲ့စည်းပြီး အဲဒီဒေသခံတွေဟာ ယခင်ကတည်းက ပြည်သူ့စစ်အဖြစ် လူသစ်စုဆောင်းတာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တာဝန်ထမ်းဆောင်တဲ့ အထဲမှာ တအာင်း ပလောင်တိုင်းရင်းသား အရာရှိတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းက ဂျာယန်ကျေးရွာ အပါအဝင် ကျေးရွာအချို့မှာ TNLA တပ်ဖွဲ့အပြင် ကိုကန့် MNDAA ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တွေပါ ပူးတွဲ လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။


NEWS – CREDIT – RFA | PHOTO – CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 27 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ