နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်တွင် လူဦးရေစာရင်း ကောက်ခံမှု ရှိလာ၊ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက်ဟု သုံးသပ်မှုများ ရှိနေ

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် စစ်ကောင်စီဘက်မှ လူဦးရေစာရင်း ကောက်ခံမှုများ ရှိလာကြောင်း ဒေသခံတချို့ထံမှ သိရသည်။ ရခိုင်တစ်ပြည်လုံး အတိုင်းအတာအရ ယခုကဲ့သို့ ကောက်ခံမှု ရှိ၊ မရှိ မသိ သော်လည်း တချို့သော မြို့နယ်တို့တွင် လူဦးရေစာရင်း ကောက်ခံမှုရှိကြောင်း အမည်မဖော်လိုသည့် မြောက်ဦးမြို့နယ်၊ ဘူးရွက်မညှိုး ရွာသားတစ်ဦးက ပြော သည်။


” ကျနော်က အလုပ်အတွက် ကျောက်တော်ကို သွားတော့ အမျိုးတွေအိမ်မှာ တည်းရတာ။ အဲဒီမှာ စစ်ကောင်စီဘက်က လူဦးရေစားရင်း လာကောက်တာနဲ့ တိုးတယ်။ ဘာအတွက်လဲဆိုတာတော့ သူတို့မပြောသလို ကျွန်တော်တို့ဘက်ကလည်း ဘာမှပြန်မပြောရဲဘူး။ ဘာလို့ဆို သူတို့မှာ သေနတ်တွေနဲ့လေ” ဟု ပြောသည်။ စစ်ကောင်စီအနေဖြင့် လာမည့်သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် စီစဉ်နေပြီး ယင်းအတွက်ကြောင့် ယခုကဲ့သို့ လူဦးရေစာရင်း ကောက်ခံရခြင်းဖြစ် ကြောင်း မောင်တောဒေသခံတစ်ဦးက ပြောသည်။


” ကျနော်တို့ဘက်မှာတော့ စာရင်းကောက်တယ်။ တချို့ ရခိုင်ရွာတွေမှာ ကောက်တယ်။ ကျနော်တို့ ရွာမှာလည်း ကောက်တယ်။ အဲ မူဆလင်ရွာတွေမှာလည်း လိုက်ကောက်တာ တွေ့ရတယ်။ ကျနော်ထင်တာက ရွေးကောက်ပွဲအတွက်လို့ ထင်တယ်။ သူတို့ စာရင်းကောက်တာ ပြသနာမရှိဘူး။ သူတို့လာတာနဲ့ အကုန်ထွက်ပြေးကုန်တာ။ သေနတ်ကိုင်ထားတာနဲ့ အကုန် ကြောက်နေရပြီလေ ” ဟု ယင်းဒေသခံက သူ့ယူဆချက်ကို ပြောပြသည်။ တချို့မြို့နယ်များတွင် ရွာ၏ အုပ်ချုပ်ရေးမျူးများ ကိုယ်တိုင်ပါဝင်နေသလို တချို့သော မြို့နယ်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်သီးသန့် ကောက်ခံမှုများ ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ရှိ လူဦးရေစာရင်းကို ကောက်ယူရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့ပြီးနောက် လူဦးရေ တစ်ရာကျော်ကို သင်တန်းပေးခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင်မူ “ လူပေါင်း ခြောက်ထောင်ကျော်ကို အဖွဲ့ပေါင်း ၁၂၉၀ ဖွဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့မှာ ရခိုင်ပြည်နယ်ရှိ မြို့နယ် အားလုံးနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် ကောက်ခံသွားမည်” ဖြစ်ကြောင်း ရေးသားထားသည်။


Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 4 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 6 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 6 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 39 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 34 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 28 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့