သင်္ကြန်ပိတ်ရက် နေရပ်ပြန်မယ့်သူတွေ များပြားပြီး မီးရထားခရီးစဉ်များကလည်း လုံလောက်မှု မရှိသည့်အတွက် ခရီးသွားများ လက်မှတ်ဝယ်ယူရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အထူးတန်းလက်မှတ်များကို (၃) ရက် ကြိုတင်ရောင်းချနေသော်လည်း ရိုးရိုးတန်းကို (၁) ရက်သာ ကြိုတင်ရောင်း ပေးနေသဖြင့် ငွေကြေးမတတ်နိုင်သည့်ခရီးသည်များ စောင့်ဆိုင်းဝယ်ယူရသဖြင့် စိတ်ဒုက္ခရောက်ကြရသည်။
ရန်ကုန်ဘူတာကြီး ကိုတွေ့ရစဉ်။
ထို့ပြင် ရောင်းချသည့် လက်မှတ်များမှာလည်း စောင်ရေကန့်သတ်ဖြင့်သာ ရောင်းချနေသဖြင့် နေရပ်ပြန်မည့်ခရီးသည်များ အခက်ကြုံနေကြရသည်။ ကားဖြင့်သွားရန်လည်း အဝေးပြေးကားဂိတ်များတွင် ပြေးဆွဲသည့်ကားများ လျော့နည်းနေသည့်အပြင် ကြိုတင်လက်မှတ်များလည်း ရောင်းချပြီးဖြစ်၍ သွားလာရန် ခက်ခဲနေပြန်သည်။
အာဏာသိမ်းပြီးနောက် မီးရထာဝန်ထမ်းများ အများအပြား CDM လုပ်ကြသဖြင့် ယခင်က စင်းရေအများအပြား ပြးဆွဲနိုင်ခဲ့သော်လည်း ယခုအခါ ဝန်ထမ်းအင်အား နည်းပါးသဖြင် စင်းရေအများအပြား လျော့ချကာ ပြေးဆွဲနေရသည့် အခြေအနေသို့ ဆိုက်ရောက်လျက်ရှိပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းခရီးကို ရပ်နားထားလိုက်ရကြောင်းသိရသည်။