ဧပြီလ (၇) ရက်နေ့ ည ၁၁ နာရီ မိ နစ် ၅၀ အချိန်မှာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်မှာ နေထိုင်တဲ့ မနေခြည်အောင်အား စစ်ကောင်စီက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားကြောင်း သိရပါတယ်။


ဘာကြောင့် အာဏာသိမ်းပြီး (၂) နှစ်ကျော်အကြာမှ လာရောက် ဖမ်းဆီးတာကိုတော့ မသိရပေမယ့် မနေခြည်အောင်ဟာ အရင်က ထွေအုပ်စာရေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး CDM လုပ်ထားသူ ဖြစ်ကြောင်း သိရပါတယ်။
စစ်ကောင်စီ ဘက်ကတော့ မနေခြည်အောင်ဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေကို ဝေဖန်ဆဲဆိုတဲ့ စာတွေ၊ ဓာတ်ပုံတွေတင်လို့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။