ခေတ်မျတ်လုံးရဲ့ ဒီတစ်ပါတ်ဘာတွေထူးသလဲ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီတစ်ပါတ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ၂ နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သလို ဒေသတော်တော်များများမှာလည်း တော်လှန်ရေး အင်အားစုတွေ အားကောင်းလာနေတယ်လို့ ဆိုရမှာပါ။
ဒီတော့ ဒီကနေ့ရဲ့ အစီအစဉ်မှာ တော်လှန်ရေး အင်အားစုတွေ နယ်မြေ စိုးမိုးနိုင်နေပြီလား ဆိုတဲ့အကြောင်းအပါအဝင် မြေပြင်အခြေအနေတွေနဲ့ ပက်သက်ပြီးတော့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆလိုင်းယောမာန်ကို ခေတ်မျတ်လုံးက ဖိတ်ခေါ်ထားပါတယ်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။