နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရုရှားထံမှ SU-30 ဂျက်တိုက်လေယာဉ် (၂) စင်းကို ပထမအသုတ်အဖြစ် စစ်ကောင်စီ လက်ခံရရှိ။

မြန်မာနိုင်ငံသည် ရုရှားထံမှ SU-30 ဂျက်တိုက်လေယာဉ် (၂) စင်းကို လက်ခံရရှိခဲ့သည်ဟု စစ်ကောင်စီကုန်သွယ်ရေး ဝန်ကြီးချာလီသန်းက ရုရှားနိုင်ငံပိုင် RIA သတင်းအေဂျင်စီသို့ ပြောကြားခဲ့မှုကို တနင်္ဂနွေနေ့တွင် ရေးသားခဲ့သည်။


ချာလီသန်းက တိုက်လေယာဉ် (၂) စင်းကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်ဟု ရုရှားတွင် နှစ်စဉ်ကျင်းပသော ဒေသတွင်း စီးပွားရေး ပူးပေါင်းလုပ်ဆောင်နိုင်မှု ဖွံ့ဖြိုးတိုးတိုက်လာစေရေးနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးပွားလာစေရေးအတွက် ရည်ရွယ်ကျင်းပသည့် အရှေ့ပိုင်းစီးပွားရေးဆွေးပွဲပြင်ပတွင် ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲကို ဗလာဒီဗော့စတော့ ဆိပ်ကမ်းမြို့တွင် တနင်္ဂနွေနေ့က စတင်ကျင်းပနေသည်။

ရုရှားနှင့်မြန်မာစစ်ကောင်စီတို့က SU-30SME ဂျက်တိုက်လေယာဉ် (၆) စင်းကို ရုရှားမှ ပို့ပေးရန် သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ချုပ်ဆိုလက်မှတ်ထိုးခဲ့ကြသည်ဟု RIA က ဆိုသည်။ Sukhoi Su-30 SME ဘက်စုံသုံး ဂျက်တိုက်လေယာဉ်သည် လေကြောင်းမှ ရန်သူကို တိုက်ခိုက်ခြင်း၊ ကောင်းကင်မှ ကင်းထောက်ခြင်း၊ ခုခံတိုက်ခိုက်ခြင်းနှင့် လေသူရဲများကို လေ့ကျင့်စေခြင်းတို့တွင် အသုံးပြုသည်ဟု ရုရှားနိုင်ငံလက်နက်တင်ပို့သည့် Rosoboronexport က ဆိုသည်။

ချာလီသန်းက ရုရှားနိုင်ငံပိုင်တပ်စ်သတင်း အေဂျင်စီကို သီးခြားပြောကြားရာတွင် ကမ္ဘာလှည့်ခရီး သွားလာရေးဖွံဖြိုး တိုးတက်ရေးအပါအဝင် နှစ်နိုင်ငံသဘော တူညီချက်များကို အရှေ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးမည်ဟု ဆိုသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထိုကိစ္စနှင့်ပတ်သက်ပြီး ရိုက်တာ သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်တုံပြန်ခြင်း မရှိပါ။

အမေရိကန်နိုင်ငံက ရုရှားအနေနှင့် မြန်မာစစ်ကောင်စီနောက်တွင်ရပ်ပြီး အားပေးကာ လက်နက်နှင့် လောင်စာဆီများ ရောင်းချပေးနေခြင်းသည် မြန်မာနိုင်ငံကို ပိုမိုမတည်မငြိမ်ဖြစ်စေပြီး လက်ခံနိုင်စရာ မရှိကြောင်း၊ ပဋ္ဋိပက္ခများကို ပိုမိုကြီးထွားစေပြီး တိုင်းပြည်ကို ကပ်ဘေးသို့ ကျရောက်စေသည်ဟု အပြစ်တင်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ထိပ်ပိုင်းရုရှားသံတမန်တို့သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အာဏာသိမ်း ခေါင်းဆောာင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ မင်းအောင်လှိုင်ကလည်း ၂၀၂၁ ခုနှစ်မှစ၍ ရုရှားသို့ အကြိမ်အတော်များများ သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ရုရှားက ချီးမြှင့်ခဲ့သည်။

Source: Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 7 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 8 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 28 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution