နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်

Burma

Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ မနေ့က တညလုံးနီးပါး ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီက လေယာဉ်ပစ်ကူ အမြောက်တွေနဲ့ ပစ်တာ၊ ဒီမနက်ပိုင်းမှာလည်း ထပ်ပစ်သွားတယ်” လို့ မြေပြင်တပ်ဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထီးချိုင့်မြို့ပေါ်ရှိ အမှတ်(၁)၊ (၂)၊ (၃)နဲ့ (၄)ရပ်ကွက်တွေက ပြည်သူတွေရဲ့ နေအိမ်ပေါ်ကို ကျရောက်ကာ ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုများရှိနေကာ စစ်ဘေးရှောင်ပုန်းခိုနေတဲ့ ဘုန်းတော်ကြီးကျောင်းပေါ်ကိုလည်း လက်နက်ကြီး ကျရောက်ခဲ့တာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

“ အကြမ်းဖက်စစ်ကောင်စီက သူရဲဘောကြောင်ပြီး လေယာဉ်ပစ်ကူ အမြောက်တွေနဲ့ပစ်တာပေါ့။ ပြည်သူတွေ ပုန်းခိုနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာက အလွန်အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။

ထီးချိုင့်မြို့ကို စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ပြည်သူတွေမှာ ရိက္ခာလိုအပ်ချက်တွေလည်း ရှိလာတာကြောင့် ပြည်သူများ ကူညီနိုင်တယ်လို့ အသိပေးတိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့
မြန်မာသတင်း

ဒေါ်ကြည်ပြာအမှု ကျေလည်တာမရမချင်း တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းတွေ ရပ်ဆိုင်းတယ်လို့ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့၊ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အပေါ် စိတ်ပျက်စေတယ်လို့
မြန်မာသတင်း

BNRA ကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားတာလို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ရတာလို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲနယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRA ကို ဦးဆောင်တဲ့
မြန်မာသတင်း

BNRA အဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်တွေ လာအပ်ကြဖို့ ယင်းမာပင်ခရိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ယင်းမာပင်ခရိုင်ရှိ BNRA အဖွဲ့က ထု‌တ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေ လက်နက်တွေ လာအပ်နှံဖို့ ခရိုင်ပကဖက ဒီကနေ့မှာ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဲ့ဒီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ နေထိုင်ရာ ခရိုင်/မြို့နယ်
မြန်မာသတင်း

ဗိုလ်နဂါး အလင်းဝင်ပြီးနောက် ပုလဲနယ်ထဲ စစ်တပ်က ဆက်တိုက်ဗုံးပတ်ကြဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ အခုရက်ပိုင်းမှာ ပုလဲနယ်ထဲကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီ (၂)ရက်ထဲကို နမခကနေ ပုလဲနယ်ထဲ ဗုံးကြဲတာ (၄)ကြိမ်လောက်ရှိတယ်။ စက်တပ်လေထီးတွေကော၊ Gyrocopter
မြန်မာသတင်း

ဒေါ်ကြည်ပြာအနေနဲ့ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်‌ဆံဖို့ NUG ဝန်ကြီးချုပ်ရုံး ပြင်းထန်စွာသတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ ဒေါ်ကြည်ပြာအနေနဲ့ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံဖို့ NUG ဝန်ကြီးချုပ်ရုံးက မနေ့ကရက်စွဲနဲ့ ပြင်းထန်စွာ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်ကြည်ပြာကို စုံစမ်းစစ်ဆေးနေချိန်ထဲ တာဝန်ကနေ ယာယီရပ်နားခဲ့ကာ ဖေဖော်ဝါရီလ (၇)ရက်နေ့ရက်စွဲနဲ့ အစီရင်ခံစာကို
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုအပါအဝင် ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 32 Views
BNRA တပ်ဖွဲ့ဝင် (၁၅၀)ခန့် အဖမ်းခံတာ၊ ပူးပေါင်းတာနဲ့ လက်နက်အပ်တာတွေရှိတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေနဲ့ပတ်သက်တဲ့ တိုင်တန်းချက်တွေကို ဆောင်ရွက်နေတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရေစကြိုမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူပိုင်နေအိမ် (၃၄)လုံး ပြာကျခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရေစကြိုမြို့နယ် သမန္တပို့ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ရေစကြိုမြို့ပေါ်ကနေ မအလ စခတွေ သမန္တပို့ရွာကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုးတာ။