နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်စခန်း၊ ရဲဂိတ် အပါအဝင် စစ်ကူယာဥ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၁၁ ဦးသေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ မိုးမိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်း၊ ရဲစစ်ဆေးရေးဂိတ် အပါအဝင် စစ်ကူ ယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ ဘက်က ၁၁ ဦး သေဆုံးခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိုးမိတ်ခရိုင်၊ မိုးကုတ်-ပြင်ဦးလွင်-ကျောက်မဲ ဆက်လွယ်ရေး လမ်းပိုင်းမှာရှိတဲ့ လယ်ကြီး စစ်တပ်စခန်းနဲ့ ရဲဂိတ်တို့ကို K.I.A K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသား တပ်မတော် ( A.B.S.D.F ) (ရှမ်းမြောက်ဒေသ ) စတဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မနက် ၁၁ နာရီခွဲအချိန်လောက်မှာ စစ်ကူလာတဲ့ စစ်တပ်ယာဥ်တန်းကို မိုးကုတ်-မိုင်းလုံ ဆက်သွယ်ရေးလမ်းပိုင်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

Era’s Eye/ ရုပ်သံ – မိုးမိတ်ခရိုင် KPDF တပ်ရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဧရာဝတီတံတား(ရတနာသိင်္ခ)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း
မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 36 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ရဲ့ အကြမ်းဖက်သမားတွေအနေနဲ့ ကြေညာခံရသူတွေဟာ မင်းအောင်လှိုင်၊ စိုးဝင်း၊ ညိုစော၊ အောင်လင်းဒွေး၊
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 36 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 40 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
မြန်မာသတင်း

ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 24 Views
ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန် ဒီဇင်ဘာလ (၂၂)ရက်။ ပလောနယ် လယ်မူလားမြို့မှာ CDM ဆရာမ ဒေါ်အေးသီတာအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတာမှာ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 23 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့