၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၁၁)ရက် ၊ ခေတ်မျက်လုံး။
စစ်ကောင်စီ၏ထောက်ပို့လေယာဥ်မှကြဲချခဲ့တဲ့
ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
စစ်ရေးအရပြင်းထန်နေသည့်ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ကောင်စီကဝေဟင်က
တဆင့်ခဲယမ်းများကို ပို့ဆောင်စဥ်ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်က ယခုရက်ပိုင်းအတွင်း မှာရရှိခဲ့တာပါ။



ယနေ့ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှတ်တမ်းအရ ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးရာမှာ ၄၀ မမ ဗုံးသီး အလုံး ၅၀ ပါသည့်
သေတ္တာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နှင့် မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသမှာ နေ့စဥ်နီးပါးတိုက်ပွဲတွေဖြစ်ပွားနေတာပါ။
Era’sEye
(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။ဓါတ်ပုံ-CJ)