ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှောင်တခင်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ Royal Peacock Column ထံက သိရပါတယ်။



အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသရဲ့ စစ်ရေးနယ်မြေဖြစ်တဲ့ ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ ခရီးသွားတွေ လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့တာကို ဩဂုတ်လ (၁၀)ရက်နေ့မှာ ရုပ်သံဖိုင်နဲ့ ဖော်ပြထားပါတယ်။အဲ့ဒီလမ်းပိုင်းတွေမှာ ရိုးမဗျူဟာ စစ်ကြောင်းတွေဖြစ်တဲ့ Royal Peacock Column၊ Spring Warriors Column၊ (၃၇၀၂)တပ်ရင်းတွေက စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လမ်းအသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်တာ၊ အကြမ်းဖက်စစ်သား၊ အကြမ်းဖက်ရဲတွေနဲ့အတူ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားတယ်လို့ သိရပါတယ်။#Era’sEye \News