ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ တအောင်း၊ ကိုးကန့်၊ရက္ခိုင့် အဖွဲ့အစည်းများ က များစွာဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရား ရရှိရေးတို့အတွက် ညီနောင် မဟာမိတ် (၃) ဖွဲ့ဟာ KIO/KIA နဲ့ တစ်သွေးတည်း တစ်သားတည်း ရှိကြောင်း ဒီနေ့ အောက်တိုဘာလ (၁၀) ရက်မှာ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က သူတို့ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။