နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့တဲ့ မြောင်ပကဖအဖွဲ့ဝင် ကိုနွေဦးကို NUG တာဝန်မှ ယာယီရပ်စဲ။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနွေဦးကို စစ်ကိုင်းဖိုရမ်မှာ ပါဝင်ခဲ့လို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၁၀ ရက်နေ့မှာ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း CDSOM ခေါင်းဆောင် ကိုနွေဦးက ဇွန်လ (၁၁) ရက်နေ့ ညနေမှာ ခေတ်မျက်လုံးကို ပြောပါတယ်။
ကိုနွေဦးဟာ စစ်ကိုင်းဖိုရမ်ပြီးကတည်းက ခရီးထွက်နေပြီး ဆက်သွယ်လို့ မရခဲ့ဘဲ ဇွန်လ (၁၁) ရက် ညနေလောက်မှ ခေတ်မျက်လုံးနဲ့ ဆက်သွယ်လို့ ရခဲ့ပါတယ်။


စစ်ကိုင်းဖိုရမ်ကို မေလ (၃၀) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး စစ်ကောင်စီကို တော်လှန်နေကြတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်ကော်မတီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုစုပေါင်း (၁၇၃) ဖွဲ့ ပါဝင်ဆွေးနွေးခဲ့ပြီး ကိုနွေဦးက ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားပါတယ်။
“ NUG ရဲ့ တာဝန်ရှိသူတွေက ဖက်ဒရယ် ဒီမိုကရေစီလို့သာ ပြောနေတာ ညီညွတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်ပြီးလုပ်တဲ့ ဖိုရမ်ကို တက်ရောက်တာကိုတော့ အပစ်တခုအနေနဲ့ မြင်တာဟာ ပြည်သူတွေကို ချင်းထည့်နေသလို ဖြစ်ကြောင်း” ကိုနွေဦးက ပြောပါတယ်။
ကိုနွေဦးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ-
“ ခရီးသွားနေတဲ့ ၅ရက်တာအတွင်းဖုန်းလိုင်းမရ အင်တာနက်မရ ပြန်လာလို့လိုင်းကြည့်မိတော့ အမဲရိုးလေးလောက်ကို ကမ္ဘာကြီးထင်နေကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေရဲ့ ကြောက်လန့်တကြား အော်ဟစ်သံတွေက အိန္ဒြေလေး​တွေတောင် မဆည်နိုင်ကြအောင်ပဲ။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရမည်အော်ပီး နေရာလေးရလာတော့ တစ်ကယ့်ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ဖို့ ဆက်ချီတက်နေသူတွေကိုတောင် ရန်သူလို သဘေားထားလာကြတယ်။ ဒါပေမယ့် လူကြားကောင်းအောင် အော်သံတွေကတော့ မဆဲဘူး နောက်တော့ ငယ်ငယ်က ဖတ်ဖူးတဲ့ပုံပြင်လေး လည်ပင်းမှာ ပုတီးဆွဲပီး ကြွက်တွေကို တရားဟောနေတဲ့ ကြောင်တစ်ကောင်ရဲ့ ပုံပြင်ကို မြင်ယောင်နေမိတော့တယ်။
ကျုပ်ကတော့ ပြည်သူတွေနဲ့အတူဆက်ရှိနေအုံးမယ်။”
လို့ ရေးသားခဲ့ပါတယ်။
စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းဒေသကြီးကို ခိုင်မာကျစ်လစ်တဲ့ တိုင်းဒေသကြီးတစ်ခုအဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေအားလုံးကို စုစည်းညီညွတ်စေပြီးတော့ မတူကွဲပြားမှုတွေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ဖို့ NUG က မလုပ်ဆောင်နိုင်တဲ့နေရာမှာ သူတို့အနေနဲ့ တော်လှန်ရေးကို အရှိန်အဟုန် ကောင်းစေဖို့ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
ကိုနွေဦးကို တာဝန်က ယာယီရပ်ဆိုင်းတဲ့ ညွှန်ကြားချက်ထဲမှာ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်နေလို့ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးနဲ့ စစ်ဒေသမှူးတို့ထံ ရှင်းလင်းဖို့ကို ဇွန်လ ၁၀ ရက်နေ့အထိ ပြန်မတင်ပြတာနဲ့ အထက်ကို တင်ပြခြင်း မရှိဘဲ တခြားအဖွဲ့အစည်းမှာ တစ်ဦးတည်းသဘောနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် အစီရင်ခံစာ တင်ပြပြီးတဲ့အထိ တာဝန်က ယာယီရပ်စဲမယ်လို့ ရေးထားပါတယ်။
ကိုနွေဦးကတော့ တခြားအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတက်ရောက်ရင် အထက်ကို အဆင့်ဆင့်တင်ပြရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ စစ်ကိုင်းဖိုရမ်ပြီးတဲ့ ဇွန်လ ၁ ရက်နေ့မှသာ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီမတိုင်ခင်က မရှိခဲ့ဘူးလို့ ပြောပါတယ်။
NUG ခန့်အပ်ထားတဲ့ ပအဖ၊ ပကဖနဲ့ ပလဖတွေက ဒီလိုစုစည်းညီညွတ်တဲ့ တော်လှန်ရေး အင်အားစုကြီး ဖြစ်လာရင် ပြစ်မှုတွေ ခြစားမှုတွေ သူတို့အာဏာ အလွဲသုံးနေတာတွေကို ထိန်းချုပ်လာမှာ စိုးရိမ်တဲ့အတွက် NUG နဲ့ အပြိုင် စစ်ကိုင်းမှာ အင်အားစုနေပြီလို့ ဂျောက်တွန်းလိုက်တဲ့အခါ အောက်ခြေထုနဲ့ ကင်းကွာနေတဲ့ NUG က တကယ့်ညီညွတ်ရေးကို ဇောင်းပေးလုပ်နေတဲ့ မြောင်က ကိုနွေဦးလို ခေါင်းဆောင်တယောက်ကို သူတို့ ပကဖအဖွဲ့ဝင်အဖြစ်ကနေ စဉ်းစားဆင်ခြင်မှု မရှိဘဲ ထုတ်ပယ်လိုက်ခြင်းဟာ မဟာအမှားတခုကို ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။
ဓာတ်ပုံ။ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနွေဦး
(ကိုနွေဦး၏ လူမှုကွန်ရက်စာမျက်နှာမှ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 9 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 9 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 9 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 11 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊