နေပြည်တော်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့တယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အတည်ပြုပြောဆိုလာပါတယ်။
ဇူလိုင်လ ၉ရက်နေ့မှာ နေပြည်တော်ကို လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ရဲ့ခရီးစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့အပေါ် ထိုင်းဘက်က အတည်ပြုပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နေပြည်တော်ခရီးစဉ်အတွင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ရော၊ စိတ်ပါ ကျန်းမာတယ်ဆိုပြီး ထိုင်းဝန်ကြီးဌာနဘက်က ပြည်ပသတင်းဌာနအချို့ကို ပြေဆိုထားချက်အရ သိရပါတယ်။
ထိုတွေ့ဆုံခဲ့မှုအပါအဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်နဲ့စပ်လျဉ်းပြီး စစ်ကောင်စီဘက်ကတော့ ယနေ့အထိ သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့မှုအပေါ် နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းဌာနများကတော့ တွေ့ဆုံခဲ့တာမရှိဘူးဆိုပြီး ဖော်ပြမှုများရှိနေတာလည်းဖြစ်ပါတယ်။
Era’sEye /(ပုံစာ – ၂၀၁၉ခုနှစ် မတ်လက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြစဉ်။)