တော်လှန်ရေးကာလအတွင်းမှာ အသေးအမွှား ပြဿနာတွေနဲ့ လမ်းဆုံးမသွားကြဖို့ အထူးအရေးကြီးတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၁၁) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက “ ပြည်သူများထံသို့ သတင်းစကား” မှာ အခုလိုပြောကြားခဲ့ပါတယ်။
“ တော်လှန်ရေးကာလအတွင်းမှာ ပြဿနာ ကြီးကြီးမားမားတွေလည်း ပေါ်လာသလို ပြဿနာ အသေးအမွှားတွေလည်း ပေါ်ပေါက်လာပါတယ်” လို့ ၎င်းက ဆိုပါတယ်။
သာမန်ညောင်ည အသေးအမွှားပြဿနာတွေနဲ့ ဝဲလည်လိုက်ပြီး လမ်းဆုံးမသွားကြဖို့က အထူးအရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။