နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီက ကယားပြည်နယ်ရှိ အဓိကလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ရှမ်း-ကယား နယ်စပ်ရှိ ရွာတွေမှာ လူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပြတ်လပ်

ကယားပြည်နယ်အတွင်းက အဓိကလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ရှမ်း-ကယား နယ်စပ်တစ် လျှောက်က ရွာတွေမှာ လူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပြတ်လပ်နေကာ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီဖို့ အဟန့်အတားဖြစ်နေတယ်လို့ UN-OCHA ကဒီနေ့ အောက်တိုဘာ ၁၂ ရက်မှာ ပြော ထားပါတယ်။


ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ အနီးအနားက သစ်တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရပြီး အမိုး အကာ၊ စားနပ်ရိက္ခာနဲ့ တခြားအခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်ကာ သိုလှောင်ထားတဲ့ ရိက္ခာဖျက်ဆီးခံရတာတွေ တိုက်ပွဲဖြစ်ပွားနေလို့ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်တာကြောင့် စားနပ်ရိက္ခာရရှိမှုမှာ ပိုခက်ခဲကျပ် တည်းလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရိက္ခာတခုထဲ မဟုတ်ဘူး။ ကျန်းမာရေးပိုင်းတွေလည်း ရှိတယ်။ စစ်ရှောင် ပြည်သူတွေ အဓိက အခက်ခဲဆုံးက စားစရာ ဆန်၊ ဆီပေါ့။ ဆန်တွေ ဝယ်လို့မရတာ ဆန်ဈေးကြီးတာ။ အလှူရှင်တွေ လျော့နည်းသွားတာ။ ဒီလိုတွေ ဖြစ်အောင်လည်း စစ်ကောင်စီက အမျိုးမျိုး လုပ်တယ် လို့ ထင်တယ်”လို့ ပြောပါတယ်။

ဒါပြင် စစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဒီဒေသတွေမှာ ဆေးဝါး နဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ဆေးဝါးမလုံမလောက်တဲ့ ပြဿနာရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ကယားပြည်နယ်ရှိ စစ်ဘေးရှောင် စုစုပေါင်း ၆၅ ရာ ခိုင်နှုန်းက ယာယီ စခန်း‌တွေမှာ နေထိုင်‌နေ ပြီး အများစုက ထောက်ပံ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်တဲ့ ပြဿနာ ကြုံနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁၈,၀၀၀ နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA- Myanmar) က အောက်တို ဘာလ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို