နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နမ့်ခမ်းမှာ ကလေးပြန်ပေးဆွဲတဲ့အဖွဲ့ကို TNLA က ပစ်ခတ်ဖမ်းဆီးခဲ့

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့မှာ ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲတဲ့အဖွဲ့အား တအာင်းတပ် (TNLA) က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


အောက်တိုဘာလ (၉) ရက်နေ့က နမ့်ခမ်းမြို့မှာ မူကြိုကျောင်းနေအရွယ် ကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူက ကျောင်းပို့စဉ် လမ်းခုလတ်မှာ ပြန်ပေးဆွဲအဖွဲ့က ကား (၂) စီးနဲ့ ရောက်ရှိလာပြီး လုယူသွားခဲ့တာလို့ ဆိုပါတယ်။

ကလေးငယ်ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်ကို အနီးနားရှိ ပြည်သူတွေက သတင်းပေးတိုင်ကြားတာကြောင့် PSLF/TNLA အုပ်ချုပ်ရေးဌာနရဲ့ မန်အောင်ခရိုင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

PSLF/TNLA က တားဆီးဖမ်းဆီးခဲ့ရာ ပြန်ပေးဆွဲအဖွဲ့က သေနတ်နဲ့ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး (၁)ဦးသေဆုံးကာ (၂)ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ပြောပါတယ်။

ပြန်ပေးဆွဲအဖွဲ့ထံက Glock ပစ္စတိုသေနတ် (၂) လက်၊ Crown ကား (၂) စီး၊ ဖုန်း (၃) လုံး၊ မြန်မာငွေကျပ်သိန် း(၂၀) နဲ့ တရုတ်ငွေ (၂၄၀) ယွမ်အပြင် မြန်မာနိုင်ငံသားမှတ်ပုံတင် (၃) ခုနဲ့ တရုတ်နိုင်ငံဝင်ခွင့်ဗီဇာကဒ် (၂) ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ကလေးငယ်ကိုလည်း အချိန်မီကယ်တင်နိုင်ခဲ့ပြီး မိဘအုပ်ထိန်းသူထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ကာ ဖမ်းဆီးရမိသူ (၂)ဦးကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 17 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ‌သောမြိုနယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲတွေအပါအဝင်
မြန်မာသတင်း

ဇီးကုန်းမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်က ပဲခူးအနောက်ခြမ်း ဇီးကုန်းမြိုကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ကို ဘဲအင်းလမ်းဆုံကို
မြန်မာသတင်း

နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 15 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဝရဇိန်တပ်ဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းမကြီး နေပြည်တော်အဝင်က စကစရဲ့ အဖွဲစုံစစ်ဆင်ရေး
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ ဒီဖက်မှာကအချင်းချင်းချနေတယ်။ အညာဒေသမှာ အင်အားရှိတဲ့ BNRA ကို NUGရဲ့ PDFတွေနဲ့ ပကဖတပ်ရင်းတွေ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 38 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကား(၇)စီးနဲ့ တနင်္သာရီကနေ မြိတ်ကို ပြန်ဆန်းလာတဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 35 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ