၂၀၂၃ ခုနှစ် ၊ ဇွန်(၁၃)ရက် ၊ ခေတ်မျက်လုံး ။
ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ရုံး ဗုံး ၂ကြိမ် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူများရဲ့ ပြောဆိုချက်များအရ သိရပါတယ်။ ဇွန်လ ၁၂ရက်နေ့ ညပိုင်း ၁၂နာရီအချိန်က တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ည ၁၂နာရီလောက်ဆိုတော့ အသံကတော်တော်ကျယ်တယ်၊ ဖြစ်ဖြစ်ချင်းဆိုတော့ နေရာသေချာမသိဘူး၊ ဒီမနက်မှ ဖိုးစိန်လမ်းက မြို့နယ်လျှပ်စစ်ရုံး ဗုံးပစ်ခံရတာကို သိရတယ်လို့ တာမွေကြီး (ခ)ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
အဆိုပါမြို့နယ်လျှပ်စစ်ရုံးအား ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို Freeland Attack Force(FLA)နဲ့ Anonymous Fighters Force(AFF)တို့ကဦးဆောင်ကာ ပူးပေါင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ Emerald Girls Army(EGA)တို့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့သားများအားလုံးအနေနဲ့ ပစ်မှတ်မြို့နယ်မှ အန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပြီး ဗုံးပစ်တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားခြင်းမရှိတာဖြစ်ပါတယ်။
Era’sEye