မနေ့က ဇူလိုင်လ (၁၂) ရက်၊ နေ့လည် (၂) နာရီလောက်က ယင်းမာပင် မြို့နယ်က မြို့ကြီးရွာနဲ့ မြေကြက်ဆူရွာတို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး မြို့ကြီးရွာကို မီးရှို့သွားတဲ့အတွက် အိမ်ခြေ (၆၀) ကျော် မီးလောင်သွားတယ်လို့ ဒေသခံတွေက ခေတ်မျက်လုံးကို ပြောပါတယ်။
Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ အဲ့ဒီကျေးရွာ (၂) ရွာ၀န်းကျင်ကို ပိတ်ဆို့ ပစ်ခတ်နေတာလို့ ဒေသခံများရဲ့ ပြောပြချအရ သိရှိရပါတယ်။







ညနေ ၄ နာရီ ၄၀မိနစ်လောက်မှာ ဒုတိယအကြိမ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့လို့ ယင်းမာပင်တပ်ရင်းမှ ရဲဘော်နှစ်ဦးနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်းလည်း သိရှိရပါတယ်။
ဓာတ်ပုံ။ (CJ/ပေးပို့) / စစ်ကောင်စီတပ် မီးရှို့ဖျက်စီးသွားသည့် မြို့ကြီးရွာကို တွေ့ရစဉ်။