တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ရန်အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ တာချီလိတ်ကနေ လေယာဉ်နဲ့ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။










အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ စောလမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဦးခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတိုကိုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ရဲဘော်မျိုးဝင်းမှာ ABSDF ကိုယ်စားပြု တက်ရောက်တာမဟုတ်ဘဲ တစ်သီးပုဂ္ဂလိက အနေနဲ့ တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ။ စစ်ကောင်စီ