ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဥ်ထဲတွင် ဧပြီ (၁၂)ရက် နေ့လည်ပိုင်းက ကျောင်း သားလူငယ်များဖြင့် အတာအိုးများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
ကျောင်းသားလူငယ်များက “ တော်လှန်သင်္ကြန်” နှင့် “ ကန့်ဘလူ” စသည့် စာသားပါဝင်သည့် အတာအိုးများအား ကန်တော်ကြီးတွင် ပြသကာ စစ်ကောင်စီမှပြုလုပ်သည့် အတာသင်္ကြန်အား ပြည်သူအပေါင်းမှမပါဝင်ရန်၊ တော်လှန်သင်္ကြန်အားပူးပေါင်းကြရန်နှင့် ယမန်နေ့က အစုလိုက်အပြုံလိုက်၊ လေကြောင်းမှသတ်ဖြတ်ခံခဲ့ရသော ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာမှ ပြည်သူအပေါင်းတို့အတွက် ဝမ်းနည်းကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။





အဲဒီလှုပ်ရှားမှုကို မရမ်းကုန်းမြို့နယ် အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (မရမ်းကုန်း-အကလ) နှင့် အ.ထ.က (၂) အရှေ့ဒဂုံမြို့နယ် အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Era’sEyes | Photo – မရမ်းကုန်းမြို့နယ် အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး